Selaginella သို့မဟုတ် အပင်လောကရဲ့ ဉာဏ်ကြီးရှင်

၁၉၅၉ခုနှစ်က ဂျပန်ဇီဝဗေဒ ပညာရှင် တစ်ဦးဟာ အလွန်တရာမှ ဆန်းကြယ်တဲ့ အဖြစ်တစ်ခုကို တွေ့ ရှိခဲ့ပါ တယ်။ အဲဒီအဖြစ်က လွန်ခဲ့ တဲ့နှစ်ပေါင်း ၂၁နှစ်ခန့်က သေဆုံးခဲ့တဲ့ အပင်တစ်ပင်ရဲ့ ရုပ်ကြွင်း ဟာ ပြန်လည် ရှင်သန် လာခဲ့ တာဖြစ်တယ်။ အဲဒီ အပင်က Selaginella ပင်ပဲဖြစ်ပါတယ်။

Selaginella ကို “အကြိမ်ကြိမ်သေ လည်း ပြန်ရှင် သန်နိုင်တဲ့မြက်”လို့ တင်စားကြပါတယ်။ အသက် ရှည် တဲ့မြက်၊ မသေ တဲ့မြက်၊ မိုးခေါင်ဒဏ်ကို ခံနိုင်တဲ့မြက်လို့လည်း ဆိုကြတယ်။ ရှင်သန်တဲ့ ပတ်ဝန်းကျင်ကို မနှစ်သက်တဲ့အခါ Selaginella ဟာ အကြိမ်ကြိမ်ရွေ့လျား တတ်ပါတယ်။ မိုးခေါင်ရေရှား ရာသီမှာဆိုရင် သူဟာ သူ့အမြစ်ကို သူနုတ်ပြီး ဘော လုံး သဏ္ဍာန် ကျုံ့လိုက်တတ်ပါတယ်။ အဲဒီနောက် လေတိုက်ရာနောက် လှိမ့်ပါတော့တယ်။ စွတ်စို တဲ့မြေနေရာရောက်တဲ့အခါ အမြစ်တွယ်ပြီး တစ်ဖန်ပြန်ရှင် သန်ပေါက်ရောက်တော့ တယ်။ ပတ်ဝန်းကျင် အသစ်ကို မနှစ်သက်တဲ့ အခါမှာလည်း အဲဒီလိုပဲ လေတိုက်ရာရွေ့လျား လှိမ့်ပါတတ် ပါတယ်။

Selaginella ဆိုတဲ့ အပင်ဟာ အပင်လောကမှာ ရွေ့လျားပြောင်းလဲတတ်တဲ့ လွတ်ငြိမ်းအေးဆေးတဲ့ အပင်လို့ ဆိုရပါမယ်။ အန္တရာယ်ကိုရှောင်ရှားပြီး အကျိုးအမြတ်ကို ရှာဖွေတတ်တာဟာ သက်ရှိသတ္တဝါတို့ရဲ့ ပင်ကိုဗီဇဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုက ကိုယ်နဲ့မသင့်လျော်တဲ့အခါ၊ အဲဒီပတ်ဝန်းကျင်ကိုပြောင်းလဲ ဖို့လည်း ကိုယ်မတတ်နိုင်တဲ့အခါ အဲဒီပတ်ဝန်းကျင်ကို ခွာလိုက်တာဟာ ကိုယ့်အတွက် အကောင်းဆုံးရွေး ချယ်ခြင်း ဖြစ်ကောင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်ပြုသမျှနုမနေဘဲ ကိုယ်တိုင် လက်ဦးမှုယူပြီး ပြောင်းလဲတာက ပိုကောင်းပါတယ်။ ဒီလိုပြောင်းလဲခြင်းက အခွင့်အရေးသစ်၊ မျှော်လင့်ချက်အသစ်တွေ ရရှိနိုင်ပါတယ်။

အပင်လောမှာ ထက်မြက်တဲ့ Selaginellaရဲ့ ထူးဆန်းတဲ့ လုပ်ဆောင်ချက်က လူတွေကို အံ့သြသက်ဝင်စေ ခဲ့ပါတယ်။ Selaginellaရဲ့အရွက်တွေဟာ အတွင်းပိုင်းကို လိတ်ဝင်ပါတယ် (အတွင်းပိုင်းပြည့်ဝတဲ့ သဘော)။ သေရာက ပြန်ရှင်သန်တယ်။ ကံကြမ္မာ ဘယ်လောက်ဆိုးလဲ၊ အခက်အခဲတွေကို သည်းခံတောင့် ခံနိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာ စောင့်ဆိုင်းတယ်၊ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ တောင့်ခံ တယ်၊ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ကိုယ့်ဘဝအတွက် စိုစွတ်အေးမြတဲ့နေရာ တစ်နေရာ ရှိတယ်ဆိုတာကို ယုံကြည်ထားတယ်။ အန္တရာယ်ကိုရှောင်ရှားပြီး အကျိုးအမြတ်အတွက် အလိုက်သင့်ပြောင်း လဲတယ်။ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ရင် ကိုယ့်ကိုယ်ကိုပြောင်းလဲတယ် ဒါမှမဟုတ် အဲဒီပတ်ဝန်းကျင်ကို ခွာတဲ့ ဉာဏ်ပညာရှိတဲ့ လုပ်ရပ်ကို လုပ်ဆောင်တတ်တဲ့ အပင်ဖြစ်ပါတယ်။

“သည်းခံ၊ တောင့်ခံခြင်းက နာကျင်မှု တစ်မျိုးဖြစ်တယ် ဆိုပေမယ့် သင့်အတွက် ကောင်းမွန်တဲ့ အရာတွေ တဖြည်းဖြည်း သယ်ဆောင်ပေး လာနိုင်ပါတယ်” လို့ ရှေးရောမကဗျာဆရာ Ovidက ပြောခဲ့ပါတယ်။

မူရင်းလင့် -- http://www.85nian.net/zuowensucai/17702.html

နိုင်းနိုင်းစနေ (March. 26. 2015)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...