AF နည်းပညာသစ်ပါဝင်သော dSLR ကင်မရာကို Nikon မိတ်ဆက်
အတွဲ (၁၅)၊ အမှတ် (၁၄)
AF နည်းပညာသစ်နှင့် တခြား လုပ်ဆောင်ချက် Function သစ် များစွာပါဝင်သော dSLR ကင်မရာ မော် ဒယ်သစ်တစ်မျိုးကို Nikon ၏ မြန်မာပြည်တစ်ဦးတည်း ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သော Special Style Photo ရ Electro nics မှ မိတ်ဆက်ခဲ့သည်။
“ဒီကင်မရာမှာ ယခင် D4 မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ မတူတဲ့ နည်းပညာသစ်တွေကို အသုံးပြုထား တာ တွေ့ရပါတယ်။ နောက်ပြီး အရင်ထုတ်ခဲ့တဲ့ ကင်မရာတွေရဲ့ အားနည်းချက် ၄၀ ကျော်ကို ဒီကင်မရာ မှာ ပြင်ဆင်ထားတယ်လို့ Nikon က ဆိုထားပါတယ်။ ဒီကင်မရာက dSLR ကင်မရာလို့ ပြောရမှာထက် မာတီမီဒီယာသုံးကင်မရာလို့ ပြောရမှာဖြစ်ပါတယ်” ဟု Nikon D4s ကင်မရာ မိတ်ဆက်ပွဲကို တက်ရောက် လာသူ ဓာတ်ပုံဆရာ တစ်ဦးက ၎င်း၏ အမြင်ကိုပြောသည်။
အဆိုပါကင်မရာတွင် Focus ဖမ်းယူမှုကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သည့် Group Area AF စနစ်ထောက်ပံ့ပါဝင်ပြီး ကင်မရာ၏ စွမ်းဆောင်ရည်ကို မြန်ဆန်စေသည့်အပြင် ပုံရိပ်ကြည်လင်ပြတ်သားမှု ပိုင်း ထောက်ပံ့ပေးသော Expeed 4 အင်ဂျင်အသစ်ကို အသုံးပြုထားသည်။ AE/AF စနစ်ဖြင့် အဆက် မပြတ်ရိုက်ကူးမှုကို 11fps ဖြင့်ရိုက်ကူးနိုင်မှာဖြစ်ပြီး ISO ကို လေးသိန်းကျော်ထိ မြှင့်တင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုံရိပ်ဖမ်းယူမှုအတွက် Small RAW နည်းပညာသစ် ထောက်ပံ့ပါဝင်ပြီး ၎င်းနည်းပညာသည် ပုံမှန် RAW format (16.2 megapixel) ထက် ဖိုင်အရွယ်အစားချုံ့၍ 4 megapixel (2464x 1640) အရည် အသွေး 13MB (12-bit) အရွယ်အစား ပုံရိပ်များထိ ပြောင်းလဲရိုက်ကူးနိုင်မည် ဖြစ်သည်။ ကင်မရာတွင် ပါဝင်သော LCD စကရင်၏ ကာလာကိုလည်း ရိုက်ကူးသည့်နေရာပေါ်မူတည်၍ စိတ်ကြိုက် ချိန်ညှိထားနိုင် မည်ဖြစ်ပြီး Gigabit Ethernet (1000Base-T) နည်းပညာသစ်ကို အသုံးပြုထားသည့်အတွက် 3.5x ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် အချက်အလက်ဒေတာများကို ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ D4s ကင်မရာတွင် WR-R1/R10 စနစ် ထောက်ပံ့ပါဝင်လာပြီး ကြိုးမဲ့ WT-5 wireless adapter သုံး၍ တခြားကင်မရာများဖြင့် ချိတ်ဆက်ကာ ကင်မရာမှ remote အနေဖြင့် ထိန်းချုပ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။
ရဲထွဋ်ဝင်း
Internet Journal

- (အရှေ့သို့) Phone Password Breaker Professional v2.30.2690 With LicenseKey Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးRouter ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Acer Aspire E1-510P-2671 Laptop Review လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Ooredoo SIM Card အကြောင်း သိကောင်းစရာ
- (အနောကျသို့) Touch စနစ်သုံးဟန်းဆက်များ ရေဝင်၊ ရေစိုပါက ဘက်ထရီကို ချက်ချင်းဖြုတ်ထားသင့်ပြီး သတိထားပြုပြင်ရန်လို Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးRouter ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Acer Aspire E1-510P-2671 Laptop Review လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Ooredoo SIM Card အကြောင်း သိကောင်းစရာ