Apple ရဲ့ iTunes အကောင့်ကို ၀ယ်ယူအသုံးပြုသူ ၈၀၀ မီလီယံအထိ ရှိလာတော့မယ်



ယခုအခါတွင် Apple ရဲ့ iTunes အကောင့်ကို ၀ယ်ယူအသုံးပြုသူများဟာ ၈၀၀ မီလီယံအထိ ရှိလာတော့ မည်ဟု Apple ၏ CEO ဖြစ်သူ Tim Cook က ယနေ့တွင်ပြုလုပ်ခဲ့သော ဘဏ္ဏာရေးတွက်ချက်မှု စစ်တမ်းကို အခြေပြုပြီးပြော ဆိုလိုက်သည်။

Apple ဟာ iTunes အကောင့်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်ဇွန်လ တွင်ဆွေးနွေးခဲ့စဉ်က iTunes အကောင့်ကို အသုံးပြုသူဟာ ၅၇၅မီလီယံ အထိရှိခဲ့ပြီးဖြစ်သည်။

ယခုအခါတွင် Tim Cook က ယခုစစ်တမ်းအရဆိုလျှင် လက်ရှိအချိန်မှာ iTunes အကောင့်ကို အသုံးပြုသူ ၈၀၀ မီလီယံပြည့်လုနီးပါး အခြေအနေ ကိုရောက်ရှိနေပြီဖြစ်ကြောင်း ၊ ယင်းအရေအတွက် အလွန် အံ့အားသင့် ဖွယ်ကောင်းတဲ့ ပမာဏဖြစ်ကြောင်းပြောကြားထားသည်။

ယင်းရလဒ်သည် Apple အတွက် အရေးပါတဲ့ ရလဒ်တစ်ခုအဖြစ် ထိပ်ဆုံးမှာ ကျန်ရှိနေမည်ဟု ခန့်မှန်း ထားပြီး အဆိုပါသတင်းကြောင့် Apple ၏ စတော့ရှယ်ယာ တန်ဖိုးဟာ ၈ ရာခိုင်နှုန်းအထိ တိုးမြင့် သွားခဲ့ကြောင်း သိရသည်။

Ref: Cnet
Wai Phyo Aung (TSJ Team)
TechSpace Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...