Bing က အခမဲ့ ပညာရေးဝန်ဆောင်မှု စနစ်တစ်ခုကို ထုတ်ဖော်မိတ်ဆက်

Microsoft ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော Search Engine တစ်ခုဖြစ်သည့် Bing ဟာ အခမဲ့ ပညာရေးဝန်ဆောင်မှုစနစ်တစ်ခုကို စတင်အကောင်အထည် ဖော်ဆောင်ရွက် လိုက်ပြီ ဖြစ်ကြောင်းပြောကြား လိုက်သည်။
ယင်းစနစ်ဟာ စာသင်ကျောင်းတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေးနိုင်မည်ဟု ယူဆထားကြောင်းသိရသည်။
အဆိုပါစနစ်တွင် မိဘနှင့်ဆရာများသည် မိမိတို့၏ကလေးများအတွက် သင်ခန်းစာအချိန်ဇယားကို ပြု လုပ်ပေးထားနိုင်ပြီး ယင်းနည်းစနစ်ကို ကျောင်းတွေအတွင်း ပျံ့နှံ သွားအောင် ပြုလုပ်ပေးနိုင်တဲ့ သူတွေကို Bing က ဆုချီးမြှင့်ပေးမည့် အစီအစဉ်ရှိသည်ဟု ဆိုသည်။
လက်ရှိမှာ Bing ဟာ U.S မှာရှိ တဲ့ စာသင်ကျောင်းတွေအတွက် အဓိကကျတဲ့ Search Engine တစ်ခုဖြစ် လာပြီး မိမိသိချင်တဲ့ အကြောင်းအရာတွေကို ကျောင်းရဲ့ Network ကနေတစ်ဆင့် အခမဲ့ ရှာဖွေသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref : Newscenter
Wai Phyo Aung (TSJ Team)
TechSpace Journal