တရုတ်နိုင်ငံမှာ ကျောင်းကားတစီး မတော်တဆမှုကြောင့် မူလတန်းကလေး ၈ ဦးသေဆုံး
ဝမ်ချန်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ ကားမတော်တဆမှု ဖြစ်ခဲ့တယ် လို့ နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။
ချန်းမိုင်အုပ်ချုပ်ရေးနယ်မြေထဲက မူလတန်းကျောင်းရဲ့ နွေရာသီ လေ့လာရေးခရီး ထွက်နေတဲ့ ကျောင်းကား တိမ်းမှောက်ခဲ့တာလို့ ပြောပါတယ်။
စီစီတီဗွီသတင်းမှာ ကားမှောက်ထားတဲ့ အခြေအနေနဲ့ ဆေးဝန်ထမ်းတွေ ရောက်နေတာကို ပြသပါတယ်။
၂၀၁၁ နိုဝင်ဘာလတုန်းက မူကြိုကျောင်းကားတစီး မတော်တဆ ဖြစ်ပြီး ကလေး ၁၈ ယောက် သေဆုံးခဲ့ပြီးကတည်းက ကျောင်းကားတွေရဲ့ လုံခြုံရေးအပေါ် လူထုက မကျေမနပ် အားမလို အားမရ ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။
အဲဒီအချိန်က ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ကျောင်းကားတွေ ၀န်ဆောင်မှုအတွက် ငွေပိုသုံးမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်း နှစ်တွေမှာလည်း အလားတူ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ခဲ့သလို ၂၀၁၂ ခုနှစ်မှာလည်း မူကြိုကျောင်းကားတစီး ရေကန်ထဲ ထိုးကျခဲ့ပြီး ကလေး ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံ ကျေးလက်ဒေသ ပို့ဆောင်ရေးမှာ သုံးနေတဲ့ကားတွေဟာ အိုဟောင်းလွန်းပြီး ပြင်ဆင်မှု မရှိတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
DVB News
- (အရှေ့သို့) ပီလ ၁၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောက်သို့) Nokia 225 Mobile Phone Review Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'