အမေရိကန် လက်ဝှေ့ကျော် ဟော့ပ်ကင်းစ် အသက် အကြီးဆုံး ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဆုရှင် ဖြစ်လာ



အမေရိကန်လက်ဝှေ့ကျော် ဘားနက်ဒ် ဟော့ပ်ကင်းစ်သည် ဧပြီ ၂ဝ ရက်က ယှဉ် ပြိုင်ထိုးသတ်ခဲ့သော WBA လိုက် ဟဲဗီးဝိတ် တန်းလက်ဝှေ့ ချန်ပီယံ ခါးပတ်လုပွဲတွင် ကာဇက်စတန်နိုင်ငံမှ လက်ဝှေ့ သမား ဘေဘတ် ရှုမီ နော့ဗ်ကို ဒိုင်အဆုံးအဖြတ် အမှတ်ဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံခါးပတ် ဆွတ်ခူးရရှိ သွားကြောင်း သိရသည်။

ယင်းနောက် IBF လက်ဝှေ့ ချန်ပီယံခါးပတ် ဆွတ်ခူး ရရှိထားသော အသက် ၄၉နှစ် အရွယ်ရှိ လက်ဝှေ့ချန်ပီယံ ဟော့ပ်ကင်းစ်သည် WBA ချန်ပီယံခါးပတ်ကို ထပ်မံ ဆွတ်ခူးရရှိခဲ့သည့်အတွက် အသက်အကြီးဆုံး ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဆုများ ပိုင်ရှင် ဖြစ်လာခဲ့သည်။

အဆိုပါလက်ဝှေ့ ပြိုင်ပွဲတွင် ဟော့ပ်ကင်းစ်သည် အသက် ၃ဝအရွယ်ရှိ ရှုမီနော့ဗ်ကို ၁၁ချီမြောက်တွင် ၎င်း၏ အင်အားပြင်း ညာဝိုက်လက်သီး အသုံးပြု၍ ကြမ်းပြင်သို့ လဲကျ စေခဲ့ပြီးနောက် ဒိုင်အဆုံးအဖြတ် အမှတ် (၁၁၆- ၁၁၁) မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ကာဇတ်စတန် လက်ဝှေ့ သမား ရှုမီနော့ဗ်သည် ခုနစ်ချီမြောက် အထိ ဟော့ပ်ကင်းစ်၏ ထိုးသတ်ချက်များကို ခုခံ ကာကွယ်ခဲ့ပြီး ရှစ်ချီမြောက်မှ စတင်၍ ပြန်လည် တိုက်ခိုက် နိုင်ခဲ့သည်။

ယခုအခါ ဟော့ပ်ကင်းစ်သည် အသက် အကြီးဆုံး ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ခါးပတ်ပိုင်ရှင်အဖြစ် မှတ်တမ်းတင်နိုင်သူ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...