မန်ဒါရီ ဝမ်းဘဲတို့ ထူးခြားချက်


မန်ဒါရီ ဝမ်းဘဲ (Mandarin Duck) လို့ခေါ်တဲ့ ရေဘဲ များဟာ ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အရောင်အစုံဆုံး ဘဲများ ဖြစ်တယ်လို့ စံချိန်တင်ထား ပါတယ်။ ရှင်သန် ပေါက်ဖွားရာ နေရာ ကတော့ အရှေ့အာရှ တစ်ဝန်း မှာ ဖြစ်ပြီး မြန်မာပြည် အအေးပိုင်း ဒေသ အချို့မှာတောင် မြင်တွေ့ ရတတ် ပါတယ်။

အရောင်စုံ လှပပြီး အချို့ ကတော့ သာမန် ဘဲများနဲ့ မထူးခြားတဲ့ အရောင် ဖြင့် ပေါက်ဖွား ပါတယ်။ တရုတ် နဲ့ ကိုရီးယား တို့မှာ ပိုမို အတွေ့ များ ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရောင်စုံပြီး လှတဲ့ ဂုဏ် တစ်ခု တည်း မဟုတ် ပါဘူး။း နောက်ထပ် ထူးခြားတာက မန်ဒါရီ ဘဲ များဟာ Lifelong couple များ ဖြစ်ပါတယ်။ အထီး တစ်ကောင်နဲ့ အမ တစ်ကောင် ချစ်ကြိုက် ပြီးရင် တစ်သက်လုံး အတူ နေသွား ပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် သစ္စာ စောင့်သိ ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် တစ်ကောင် ကောင် သေသွား ရင်တောင် ကျန်ရှိတဲ့ ဘဲက နောက် တစ်ကောင် ရှာမတွဲ ပါဘူး။

မန်ဒါရီ ဘဲများဟာ အမြဲ တစ်တွဲတွဲ နေထိုင်ပြီး အစာရှာ ၊ အသိုက်ဖွဲ့တာက အစ အတူတူ ရှိနေတတ်တဲ့ ဘဲများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန်ဒါရီ ဝမ်းဘဲ ပုံရိပ် အမှတ်အသား လက္ခဏာ များကို တရုတ် မင်္ဂလာ ရိုးရာတွေမှာ အသုံးပြု ကြကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...