ပေါ့ပေါ့စစ မနေသင့်သည့် မေးခိုင်ရောဂါ……



မေးခိုင်ရောဂါပိုးဆိုတာနဲ့ လူတိုင်းကြားသိကြမှာပါ ထိခိုက်အနာတရဖြစ်ခြင်း နှင့် သံဆူးမိလိုက်ပါက မေးခိုင်ပိုး ဝင်လိုက်မယ် မေးခိုင်ကာကွယ်ဆေးသွားထိုးထားလိုက် မပေါ့နဲ့ နော် ဆေးထိုးထားမှ စိတ်ချရမယ် အနာကို လည်း ဖုံးသဲတွေမဝင်စေနဲ့ ဆိုပြီး ပြောဆိုကြပါတယ် ။ ဒါကြောင့် အားလုံးမေးခိုင်ဆိုသည့် စကားလုံးကို ယဉ်ပါးသိရှိနေကြခြင်းပင်ဖြစ်ပါလိမ့်မည် ။

မေးခိုင်ရောဂါဆိုသည့်အတိုင်း မေးက ခိုင်သွားပြီး လှုပ်ရှားမရ ဖြစ် မေးခိုင်လို ပါးစပ်လည်း ဟမရဖြစ်လို့ မေး ခိုင်ခြင်းကို အစွဲပြု့ ပြီး locked jaw မေးခိုင်သွားလို့ မေးခိုင်ခြင်းပင်ဖြစ်ပါသည် ။

မေးခိုင်ခြင်းကို ဖြစ်စေသည့်ရောဂါပိုးတစ်မျိုးကြောင့်ပါ မေးခိုင်ရောဂါပိုး Clostridium tetani ကြောင့် မေး ခိုင်ရောဂါကို ဖြစ်ပေါ်စေပါသည် ။ လူတစ်ယောက်တွင် သံဆူးခြင်း ၊ ထိခိုက်ဒဏ်ရာ အနာတရဖြစ်သောနေ ရာတွင် သဲမှုန့်  မြေမှုန့် များ ဝင်ရောက်လာခြင်းကြောင့် မေးခိုင်ရောဂါပိုးဝင်ရောက်တက်ပါသည်။ ရောဂါပိုး ဝင်ရောက်ပြီး ချက်ခြင်း မေးခိုင်ခြင်း မဖြစ်ပေါ်သေးပါ နှစ်ပတ် ဒါမှမဟုတ် တလအတွင်း မေးခိုင် ပိုးကြောင့် ရောဂါလက္ခဏာ ပြလာပါလိမ့်မည် ။ ရက်တစ်ပတ်အတွင်း မေးခိုင်ခြင်း ဖြစ်ပေါ်ခဲ့လျှင် ပြင်းထန်းသောရောဂါ အဖြစ်ရောက်ရှိပါသည် ။

မေးခိုင်ခြင်း အစသို့ တည်းမဟုတ် လက္ခဏာရပ်ကို သတိထားမိစေသည်မှာ ပါးစပ်တွင် အစားသောက် စားသောက်ရင်း ပါးစပ်ကြွက်သားများ တောင့်တင်းခိုင်းမာလာပြီး မကြာမီ မေးလှုပ်ရှားနိုင်ခြင်း မရှိတော့ ဘဲ မေးခိုင်ခြင်းရောဂါဖြစ်ပေါ်လာပါသည် တဖြေးဖြေးနဲ့  အစာမျိုခြင်းကိုပြု့ လုပ်ပေးသည့် ကြွက်သားများ ၊ ဗိုက်ကြွက်သားများ နှင့် နောက်ကြောဖက်တွင်ရှိသော ကြွက်သားများပါ တင်းတောင်လာပြီး ဝေဒနာ ရှင်မှ ကော့တော့တော့ ဖြစ်ပေါ်နေပါတော့သည် ။ မေးခိုင်ရောဂါကြောင့် အသက်ပင်ဆုံးရှူံးနိုင်သည့် အတွက် ပေါ့စမနေသင့်သောရောဂါလည်းဖြစ်ပါသည် ။

ခန္ဓာကိုယ့်ပေါ်တွင် ပွန်းပဲ ထိခိုက် ဒဏ်ရာ အနာတရ ဖြစ်ပေါ်နေတာ သေးသေးလေးဆိုပြီး မပေါ့စသင့်ပါ ။
ထိခိုက်အနာတရဖြစ်ပေါ်ပါက ဖြစ်ပေါ်သည့်နေရာတွင် ဦးစွာသန့် ရှင်းအောင် လုပ်ဆောင် ပြီးလျှင်နောက် ထပ်မံပြီး ထိခိုက်သည့်နေရာကို ပိုးသတ်ဆေးရည်များဖြင့် ဆေးကြောသန့် စင်ခြင်း ပြု့ လုပ်ရပါလိမ့်မည် ။ သဲမှုန် ဖုံမှုန်များ အနာတရနေရာကို အလွယ်တကူဝင်ရောက်နိုင်ခြင်း မရှိအောင် ကာကွယ်မှု့ ပြု့ လုပ်ပါ ။မေးခိုင်ကာကွယ်ဆေးလည်း ထိုးကြပါ ။

ကိုယ့်ဝန်သည် မိခင်လောင်များတွင် ဌင်းရောဂါ ကာကွယ်ဆေးထိုးရမည်ဖြစ်သလို့ ကလေးသူငယ်များတွင် ကာကွယ်ဆေးထိုးပေးရပါလိမ့်မည် ။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သော လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...