ဘ၀အတွက် မှတ်စရာလေးများ...


photo:google

၁။ ဆုံးရှုံးသွားတဲ့ အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကို မှတ်သားပြီး မေ့သင့်တာကို မေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရ ဖြစ်စေတယ်။

၎။သူ့အတွက်နဲ့ မျက်ရည်မကျသင့်ဘူး။ သူသင့်ကို ချစ်တာမှန်ရင် သူ့အတွက်နဲ့ မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့ မျက်ရည်ကို ကျခွင့်ပေးမှာ မဟုတ်ဘူး။

၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေ အတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေ ပါပဲ။

၆။ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲ ဘယ်လိုရှာရှာ မတွေ့ဘူး။ ဒါပေမဲ့ မေ့သွား တဲ့အချိန်မှာ ပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက် ကျချိန်မှာ ၅၃℃ သာ ကျန်တော့တယ်။

၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီး လေးခုမှာ ပျမ်းမျှအောင်မှ သာ အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲ မှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။ သင် ဦးတည်ရာရှိနေရင် သင်ဟာ ဘယ်နေရာ ရောက်နေတယ်ဆိုတာ အရေးမကြီးပါဘူး။

၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှ ကြည့်ရတယ်။

၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့ သူအတွက် ခင်းထားပေးပါတယ်။

၁၆။ ပျော်ရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrow share is sorrow half, Joy share is Joy double.

၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေးကို ရှာပါ။ မလုပ်ချင်တဲ့ အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာ မဟုတ်ဘူး။ အခွင့်အရေးက မျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁။ အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃။အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို စိတ်ညစ်လဲတစ်ရက် ပျော်လဲတစ် ရက် ပေါ့။ တစ်ခုခုကို သင်ရင်ဆိုငိတဲ့ အချိန်မှာ သင်ရင်ဆိုင်နိုင်တဲ့ သတ္တိက မျှတနေမယ်ဆိုရင် သင်လဲပျော် မယ်စိတ်လဲချမ်းသာမယ်။

၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာက အကောင်းဆုံး ပါ သင်အတ္တကြီးနေမယ်ဆိုရင် သင်ပိုင် ဆိုင်ထားတာတောင်ဆုံးရှုံးနိုင်ပါတယ်။

၂၅။အချစ်မှာ လိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။ စိတ်တိုတဲ့အချိန်မှာ စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

From Forward Mail | Sharing is Caring
အပြုံးပန်းဈေးခင်း

http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...