ကမ္ဘာ့စံချိန်တင် အလေးချိန်ရှိတဲ့ ငါးမန်းကြီးကို ဖမ်းမိပြီး အသားကင်လုပ်စားခဲ့သူ
Angel on 2014-04-24 11:49
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အသက် ၂၉ နှစ်အရွယ် Joey Polk ဆိုသူဟာ ကမ္ဘာ့စံချိန်တင် အလေးချိန် ၈၀၅ ပေါင် ရှိတဲ့ ငါးမန်းကြီးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတုန်းက Earnie ဆိုသူ ဖမ်းဆီးရရှိခဲ့တဲ့ ပေါင်ချိန် ၇၃၀ ရှိတဲ့ ငါးမန်းကြီးထက် အလေးချိန်ပိုများတာကြောင့် ကမ္ဘာ့စံချိန်သစ်ကို ထပ်တင်နိုင်ခဲ့တာပါ။
ဝါရင့်ငါးဖမ်းသမားတွေဟာ ပုံမှန်အားဖြင့် သူတို့ ဖမ်းဆီးရရှိမိတဲ့ ငါးတွေကို ပြန်လွှတ်ပေးတတ်ပေမယ့် Joey နဲ့  ၀မ်းကွဲညီအစ်ကိုနှစ်ယောက်ဟာ ငါးမန်းကြီးနဲ့ တစ်နာရီကျော်ကြာ တိုက်ပွဲဝင်ပြီးနောက် အရမ်း ပင်ပန်းနေတာ ကြောင့် ပြန်လွှတ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
သူတို့ သုံးယောက်ဟာ ကမ္ဘာ့စံချိန်တင် ငါးမန်းကြီးကို ကမ်းခြေမှာတင် မီးမွှေးပြီး အသားကင်လုပ်စား ကာ ဒေသခံ လူ အယောက် ၂၀၀ ကျော်ကိုပါ ဝေမျှကျွေးခဲ့တယ်လို့ သိရပါတယ်။
“ ပထမ တွေ့ တွေ့ ချင်း ဒီကောင်ကြီးကို ငါးအကြီးကြီးလို့ ပဲထင်နေတာ။ နောက်တော့မှ ငါးမန်းကြီးမှန်း သိတာဗျို့ ။ ကျွန်တော် ချာတိတ်လေးအရွယ်ကတည်းက ငါးမျှားလာတာ။ ဒါပေမယ့် ဒီကောင်ကြီးကို ပေါင် ၇၀၀ လောက်ပဲရှိမယ်ပေါ့။ ကျွန်တော်တို့ အလေးချိန်ချိန်ကြည့်တော့ ၈၀၅ ပေါင်တဲ့။ အရမ်းမိုက်တယ်” လို့  Mr.Polk က ပြန်ပြောပြပါတယ်။
အခု ဖမ်းဆီးရမိတဲ့ ငါးမန်းအမျိုးအစားဟာ Makos ငါးမန်းမျိုးတွေဖြစ်ပြီး ငါးမန်းမျိုးနွယ်တွေထဲမှာ အမြန်ဆန် ဆုံး ငါးမန်းတွေဖြစ်ပါတယ်။ ရေမိုင် တစ်နာရီ မိုင် ၆၀ လောက်အထိ ကူးခတ်နိုင်တဲ့ ငါးမန်းမျိုးတွေပါ။
Ref: Mirror.co.uk
Trend Myanmar