ဒုက္ခသည်စခန်းမှသည် အမေရိကန်က ထူးချွန်ကျောင်းသားဆုရှင် ရွှေစင်

ကိုလံဘီယာ ဘေဆင်ကောလိပ် CBC ကျောင်းသားတွေထဲက ရွှေစင် နဲ့ Amjad al-Sharkarji ဆိုသူတို့ ဟာ သူတို့ အနာဂါတ် အတွက် မျှော်လင့်ချက်တွေ အများကြီး မြင့်မားကြပါတယ်။


သူတို့ ၂ ဦးကို All-USA Academic All Stars for the 2013-14 ဆိုတဲ့ ပညာသင်နှစ်အတွက် ဆုရှင်တွေ အဖြစ် ရွေးချယ်ခံ လိုက်ရပါတယ်။ ပညာသင်ဆုအနေနဲ့ အမေရိကန် ဒေါ်လာ ၂၅ဝဝ စီကိုလည်း သူတို့ ရရှိကြပါတယ်။


အမေရိကန် ထူးချွန်ကျောင်းသား ဆုရ သူ ၂ ဦး

မြန်မာနိုင်ငံက ရွှေစင်နဲ့ ဆီးရီးယားနိုင်ငံက အမ်ဇတ် အယ် ရှပ်ကာဂျီတို့ရဲ့ မိသားစုတွေဟာ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မိခင်နိုင်ငံတွေက ထွက်ပြေးလာခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှာ ပိုမို ကောင်းမွန်တဲ့ ဘဝသစ်တခုရရှိဖို့ အတွက်ရောက် နေကြသူတွေဖြစ်ကြတယ်လို့ အမေရိကန် အခြေစိုက် Tri-City Herald သတင်းတခုက ရေးပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ရွှေစင်ဟာ မြန်မာနိုင်ငံ ဒုက္ခသည်စခန်းထဲမှာ ၁ဝ နှစ်လောက် နေထိုင်ခဲ့ ရပြီး အခုတော့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိပြီး CBC ကျောင်းသူတဦးအဖြစ်ကနေ အခုလို အမေရိကန်ရဲ့ ထူးချွန်ထက်မြက် ကျောင်းသူအဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

သူဟာ ကလေးအထူးကု ဆရာဝန်ကြီး ဖြစ်လိုတဲ့ စိတ်ဆန္ဒရှိပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ ကျန်းမာရေး
စောင့်ရှောက်မှု တွေ ပြန်လည် လုပ်ပေးလိုတဲ့ ဆန္ဒရှိသူပါ။

“ကျမက ဆရာဝန်တယောက်ဖြစ်တော့မယ်လို့ တွေးရတာ ရူးသွပ်ခြင်းပဲ၊ ကျမက တဲ ငယ်ထဲမှာ ကြီးပြင်း ခဲ့ရသူ၊ ပြီးတော့ မသန့်ရှင်းတဲ့ နေရာမှာပဲ ဆော့ကစားခဲ့ရသူလေ” လို့ ရွှေစင်က သူ့ဘဝအကြောင်းပြန်
ပြောင်းပြောပြပါတယ်။

ရွှေစင်တို့ မိသားစုဟာ အမေရိကန်ပြည်ထောင်စုကို ၂ဝဝ၅ ခုနှစ်က ရောက်ရှိ အခြေချခဲ့ပါတယ်။ ရွှေစင်ရဲ့ ဖခင်ဖြစ်သူက ရှစ်လေးလုံး ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ကျောင်းသားတဦးဖြစ်
တော့ မြန်မာနိုင်ငံက ထွက်ပြေး တိမ်းရှောင်လာရင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတခု ကို ရောက်ခဲ့တာပါ။

နောက်တော့ ရွှေစင် အမေနဲ့ အိမ်ထောင်ကျပြီး ရွှေစင် အသက် ၉ နှစ်အရွယ်မှာပဲ သူတို့ မိသားစု အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေစင်ကတော့ ပညာကြိုးစားမှုနဲ့ အတူ သူ့ရဲ့ အကြီးမားဆုံး လုပ်ချင်တာကတော့ သူ့မိဘတွေအတွက် ဂုဏ်တက်စေချင် တာပါဘဲတဲ့။

အိမ့်သံစဉ် ~
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...