ကြယ်တွေအများကြီးကြွေမယ့် ဒီနေ့ည နဲ့ မနက်ဖြန်မနက်..



ကြယ်ကြွေတယ်ဆိုတာ အမှန်တော့ အာကာသထဲမှ ဥက္ကာခဲ လေးတွေဟာ လေထုနဲ့ ပွတ်တိုက်မိပြီး ပေါ်ထွက်လာတဲ့ အလင်းတန်းလေးတွေဘဲ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ည နဲ့ မနက်ဖြန် ဧပြီလ ၂၃ ရက်နေ့မနက်တို့မှာတော့ ကြယ်တွေ အစုလိုက် ကြွေကြမှာဖြစ်ပါတယ်။ ကြယ်မိုးရွာမယ်ပေါ့..။

Lyrids Meteor Shower လို့ခေါ်တဲ့ ဥက္ကာခဲများ လေထုအတွင်း ၀င်ရောက်လာမှုဟာ အများဆုံး တစ်နာရီ ကို အကြိမ် ၂၀ လောက်အထိ မြင်ရမှာပါ။ ဒီ အမှုန်အစများဟာ နေအဖွဲ့အစည်းအတွင်းပိုင်းမှာ ၁၈၆၁ ခုနှစ်က ဖြတ်သန်းသွားခဲ့တဲ့ C/1861 G1 Thatcher ကြယ်တံခွန်ရဲ့ အကြွင်းအကျန် အမှုန်အစ လေး များ ဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ ဒီလမ်းကြောင်းကို နှစ်စဉ် ဧပြီလ ၁၆ ရက်မှ ၂၅ ရက်အတွင်း ဖြတ် သန်းလေ့ရှိပါတယ်။ ဒီနှစ် (၂၀၁၄) မှာတော့ ဒီနေ့ည နဲ့ မနက်ဖြန် မနက်ဟာ အမြင့်ဆုံးအဆင့် ကို ရောက်ရှိမယ့်အချိန်ပါဘဲ..။

ကြည့်ရမယ့်နေရာကတော့ အရှေ့ အရပ် မှာပါ။ ဒါပေမယ့် အခြားနေရာများမှာလည်း ပေါ်လာနိုင်ပါတယ်။ လမင်းရဲ့ အလင်းရောင်ကြောင့် ကြယ်ကြွေခြင်းအချို့ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံး မြင်ရမယ် အချိန်ကတော့ မှောင်မိုက်တဲ့ ညသန်းခေါင်ယံ အချိန်ပါဘဲ..။

အာကာသနှင့် စကြ၀ဠာ စာဖတ်ပရိတ်သတ်များ... ကြယ်ကြွေတာကို ကြည့်ရင်း.. တောင်းမယ့်ဆုလေး များ ပြည့်နိုင်ကြပါစေ..။

အာကာသနှင့် စကြ၀ဠာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...