ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိပြီး မီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည် တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး ယာဉ် ၂ စီးမှာ လိုက်ပါစီးနင်းလာသူ ၁၂ ဦး သေဆုံးသွားပါတယ်။

တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွား တာလို့ သိရပါတယ်။
တောင်ပြာတန်း ခရီးသည်တင်ကားပေါ်ပါသူ ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံးသွားကြတာပါ။
တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။
DVB News

- (အရှေ့သို့) ဧၿပီလ ၁၂ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင် နွေဦးရာသီ နှင့် ရေကျောက်ရောဂါသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို မတဲ့အတူနေ....Bleeding gums သွားဖုံး သွေးယိုခြင်း ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်
- (အနောကျသို့) လူရွှင်တော်ကြီးတွေ ပြောတဲ့ သင်္ကြန်သံချပ် နွေဦးရာသီ နှင့် ရေကျောက်ရောဂါသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို မတဲ့အတူနေ....Bleeding gums သွားဖုံး သွေးယိုခြင်း ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်