ချမ်းသာလာချင်လို့ ခွေးအကို ကိုယ့်လိင်အင်္ဂါ ကိုယ်ပြန်ထိုးကျွေးခဲ့တဲ့လူ


အာဖရိကလူမျိုးတစ်ယောက်ဟာ သူ့ ကို ခွေးအတစ်ကောင်က တိုက်ခိုက်တာကို ငြိမ်ခံနေခဲ့ပြီး သူ့ ရဲ့ လိင်အင်္ဂါ တွေကို ခွေးအ စားတာကိုပါ ငြိမ်ခံနေခဲ့ပါတယ်။ အခုလိုလုပ်ရင် သူချမ်းသာလာမယ် လို့ ပြောတာကို ယုံပြီး လိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ချာမန်ဂီနီဇူးလူး လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ ကို ချုံပုတ်တစ်ခုထဲမှာ ခွေးအက စုတ်ပြတ်သတ်အောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခွေးအဟာ သူ့ ရဲ့ လိင်အင်္ဂါတွေကို စားသွားတဲ့အပြင် သူ့ ရဲ့ ခြေချောင်း သုံးချောင်း ကိုပါ စားသွားခဲ့တာပါ။
ဇမ်းဘီးယားနိုင်ငံ၊ ချီပါတာမြို့ က မှော်ဆရာတစ်ယောက်နဲ့ တွေ့ ဆုံပြီးနောက် မှော်ဆရာက မိမိခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ယစ်ပူဇော်စတေးပစ်ခြင်းက ချမ်းသာလာစေဖို့ အကောင်းဆုံးနည်းလမ်းပဲ လို့  ပြောကြားလိုက်တာကို ယုံကြည်ပြီး လိုက်လုပ်ခဲ့တာလို့ သူက ဆိုပါတယ်။
Times of Zambia သတင်းစာအရ ဒီဇူးလူးလူမျိုးဟာ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်းရှိပြီး မာလာဝီ နိုင်ငံကနေ လာရောက်သူဖြစ်တယ်လို့ သိရပါတယ်။
“ကျုပ်က မာလာဝီကနေလာတာ၊ ချီပါတာရောက်တော့ မှော်ဆရာနဲ့ တွေ့ ပြီး ကျုပ်ကိုယ်ခန္ဓာအစိတ် အပိုင်း တွေကို ယစ်ပူဇော်စတေးတာက ချမ်းသာလာဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ သူက ပြောတယ်။ ဒါနဲ့  ကျုပ်လည်း ခြုံပုတ်တစ်ခုထဲသွားပြီး ကိုယ်တုံးလုံးဖြစ်အောင် လုပ်လိုက်တယ်။ နောက်တော့ ခွေးအ တစ်ကောင်ရောက်လာပြီး ကျုပ် ခြေချောင်းတွေကို စပြီး စားတယ်။ နောက်တော့ ကျုပ်ရဲ့ ယောင်္ကျားအင်္ဂပါ စားသွားတယ်” လို့ သူက ဆေးရုံကုတင်ပေါ်ကနေ ပြန်ပြောပြပါတယ်။
ခွေးအရဲ့ တိုက်ခိုက်ဖြတ်စားမှုကို ခံပြီးနောက်မှာ သူဟာ လမ်းမပေါ်ကို တွားသွားတက်လာခဲ့ပြီး အနီးနားက ဖြတ်သွားတဲ့ ရဲဝန်ထမ်းတွေမြင်တော့မှ ဆေးရုံကို ပို့ ပေးခဲ့ရတာပါ။
အခုတော့ သူ့ ကို ချီပါတာအထွေထွေဆေးရုံကြီးမှာ တင်ထားပြီး ကုသမှုခံယူလျက်ရှိပါတယ်။
Trend Myanmar
- (အရှေ့သို့) မင်္ဂလာဆွမ်းကျွေးပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်ဖြိုးငွေစိုး နှင့် မော်ဒယ်ဇင်ဇင် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) BurnAware Premium v6.9.2 With Crack Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း