အပွင့်အခက်ဒီဇိုင်းများ တစ်နေ့တစ်ခြား ပိုမိုခေတ်စားလာ


မေသော် on 2014-04-25 16:24

ပန်းပွင့်၊ ပန်းနွယ်၊ အပွင့်အခက်ဒီဇိုင်းတွေဟာ ခုချိန်မှာ မိန်ကလေးတွေရဲ့ အာရုံကို ဖမ်းစားအထားနိုင်ဆုံး ဒီဇိုင်းတွေထဲက တစ်ခုဖြစ်လာပါတယ်။ မိန်းကလေးဆန်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကို နှစ်ခြိုက်တဲ့ သူပဲဖြစ်ဖြစ်၊ ယောင်္ကျားလေး စတိုင်လ်လို နည်းနည်းမာတဲ့ ဒီဇိုင်းမျိုးတွေကို ၀တ်ဆင်တတ်သူတွေပဲဖြစ်ဖြစ် floral ဒီဇိုင်းတွေကို အင်္ကျံ၊ စကတ်၊ ဘောင်းဘီစသဖြင့် အမျိုးမျိုး ဆင်မြန်းလာကြတာ တွေ့ရမှာပါ။ ဒါ့ကြောင့် floral အမိုက်စားဒီဇိုင်းလေးတွေကို ခုလိုရွေးပေးလိုက်တယ်နော်။

၁။အရောင်ရင့်တွေ မနှစ်ခြိုက်တဲ့ သူတွေဆိုရင်တော့ ခုလိုကာလာအဖျော့လေးနဲ့ jumpsuit လေးတွေ ၀တ်ဆင်ကြည့်လိုက်ပေါ့။



၂။Floral ဘောင်းဘီဒီဇိုင်းလေးတွေကလည်း ခုသိပ်မိုက်တာမို့ တစ်ထည်လောက်တော့ ရှိထားသင့်တယ်နော်။



၃။တစ်ဆက်တည်းဂါဝန်အတိုလေးတွေ သဘောကျရင်တော့ ခုလို ၀တ်ဆင်ကြည့်လိုက်ပါ။ ဦးထုပ်လေးနဲ့ဆိုတော့ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းသွားတာပေါ့။



၎။တီရှပ်လေးတွေနဲ့ Floral စကတ်လေးတွေနဲ့လည်း ခုလို တွဲဝတ်နိုင်တယ်နော်။



၅။သူများနဲ့မတူတဲ့ ဒီဇိုင်းမျိုး လိုချင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် floral အစရှာပြီး ချုပ်ဝတ်လိုက်ရုံပေါ့။



Ref:lookbook.nu
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...