လှိုင်သာယာမြို့နယ်တွင် နေအိမ်ခြံစည်းရိုး၌ သဘောဝအလျောက် ပေါက်လာသော မှိုမှ ကျိုက်ထီးရိုး စေတီတော်ပုံသဏ္ဍာန် ထွက်ပေါ်
၁၇.၄.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်၊ မြိုင်လမ်း၊ အမှတ်-၁၃၀(က)နေ ဒေါ်အမာဘီဘီ၊ (၆၁)နှစ်၏နေအိမ်ရှေ့ သစ်သားခြံစည်းရိုးတိုင်အောက်ခြေ၌ သဘောဝ အလျောက် ပေါက်လာသော မှိုသည် ကျိုက်ထီးရိုးစေတီတော်ပုံသဏ္ဍာန် ပွင့်နေသည်ကိုတွေ့ရှိရ သဖြင့် ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်ပြည်သူများမှ သွားရောက်ကြည့်ရှုဖူးမျှော်ကြကာ ဘုရားပန်းအိုးနှင့် အမွှေးတိုင်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် ဖူးမျှော်သူ ပြည်သူအင်အား(၁၅၀)ဦးခန့် ရှိခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ထွက်ပေါ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ပုံသဏ္ဍာန်မှိုပွင့်အား ယင်းနေ့ ၁၈၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်၊ မိုးကောင်းကျောင်းတိုက်ရှိ သံဃာ့နာယကဆရာတော် ဦးဣန္ဒြာဝုဒထံသို့ ပင့်ဆောင်ကာ ပူဇော်ထားရှိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
- (အရှေ့သို့) ရှုးရှုးရှဲရှဲ ရခိုင်မုန့်တီစစ်စစ် ချက်စားရအောင် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်း သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်း သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်