အအေးဆုံး အညိုရောင်ကြယ်ပု တစ်လုံးအား နေ၏အနီးတွင်တွေ့ရှိ



အမေရိကန် အာကာသ အေဂျင်စီ (နာဆာ) မှ အာကာသအတွင်း လွှတ်တင်ထားသော Wide-field Infrared Survey Explorer (WISE) အာကာသ တယ်လီစကုပ်နှင့် စပစ်ဇာ အာကာသ တယ်လီစကုပ် (Spitzer Space Telescope) တို့ကို အသုံးပြုပြီး စကြ၀ဠာအတွင်းမှာ အအေးဆုံးသော အညိုရောင်ကြယ်ပု ("brown dwarf") တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထူးခြားတဲ့အချက်ကတော့ ထို ကြယ်ပုဟာ ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းနေရာလို အေးမြနေတာဖြစ်ပါတယ်...။

နေမှ အလင်းနှစ် ၇.၂ နှစ်အကွာမှာသာ တည်ရှိပြီး နေနှင့် စတုထ္ထမြောက် အနီးဆုံးကြယ်တစ်လုံး ဖြစ်ပါ တယ်.။ (နေ နှင့် အနီးဆုံးကြယ်ကတော့ အလင်းနှစ် ၄ နှစ် အကွာမှာ ရှိတဲ့ အဲလ်ဖာ ဆန်တောရီ ဆိုတဲ့ကြယ်ပါ..။)

ယခုတွေ့ရှိတဲ့ အညိုရောင်ကြယ်ပုကို WISE J085510.83-071442.5 လို့ ရှည်လျှားစွာ အမည်ပေးလိုက်ပါ တယ်..။ သူ့ရဲ့ အပူချိန်ကတော့ အနှုတ် ၅၄ မှ ၉ ဒီဂရီ ဖာရင်ဟိုက် (အနှုတ် ၄၈ မှ အနှုတ် ၁၃ ဒီဂရီ ဆဲလ်စီးယပ်) အတွင်းမှာ ရှိနေပါတယ်။ စကြ၀ဠာအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့သမျှ အအေးဆုံးသော ကြယ်တစ်လုံးပါဘဲ..။

WISE J085510.83-071442.5 ဟာ ဂျူပီတာထက် ၃ ဆ မှ ၁၀ ဆအထိ ထုထည်ကြီးမားနိုင်ပြီး စတင်တွေ့ ရှိစဉ်က နေအဖွဲ့အစည်းတစ်ခုခုမှ လွတ်ထွက်လာတဲ့ ဓါတ်ငွေ့ဘောလုံး ဂြိုဟ်တစ်ခုလို့ ထင်ခဲ့ကြတာပါ. ။ ဒါပေမယ့် ယခုအခါမှာတော့ သူဟာ အညိုရောင် ကြယ်ပုတစ်လုံးဆိုတာ သေချာနေပါပြီ..။ ကြယ်များ ထဲမှာတော့ ထုထည်သေးငယ်တဲ့ ကြယ်လေးတစ်လုံးသာ ဖြစ်ပါတော့တယ်....။

အာကာသနှင့် စကြ၀ဠာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...