ကလီယိုပါထရာကို ပြန်လည်ဆန်းသစ်မယ့် စန္ဒီမြင့်လွင်၊ ဖြူဖြူကျော်သိန်းနဲ့ နေ၀င်း


ဓာတ်ပုံ−နေ၀င်း

အဆိုတော် အယ်လ်ခွန်း ရီသီဆိုခဲ့သော ‘ကလီယိုပါထရာ’ သီချင်းကို စန္ဒီမြင့်လွင်၊ ဖြူဖြူ ကျော်သိန်း၊ နေ၀င်း (Snare) တို့ က ယနေ့ခေတ် ဂီတပုံစံမျိုး ပြန်လည်ဆန်းသစ်ကာ ဖန်တီးထား ကြောင်း သတင်းရရှိသည်။

‘‘အရင်တုန်းက ကိုမိုးမိုးက အကြံပေးတာနဲ့ လုပ်ဖြစ်တာ။ သီချင်းလေးကောင်းတာနဲ့ မဖြူနဲ့ လည်း လိုက် တယ်။ ပြန်ပြီး Remix လုပ်ချင်လို့ အတီးသမား တွေနဲ့ အကုန်လုံးဝိုင်းညှိပြီးတော့ ဒီဘက်ပုံစံပြန်ရောက် အောင် ဆွဲထည့်ထားတာပါ’’ ဟု စန္ဒီမြင့်လွင် က ပြောသည်။

စန္ဒီမြင့်လွင်၏ တတိယ အယ်လ်ဘမ် အမည်ကိုလည်း ကလီယိုပါထရာဟု ပေးထားကာ သီချင်းတွင် ထပ်ဖြည့်ထား သော ရက်ပ်စာသားများကို နေ၀င်း(Snare) က ရေးသားထား ပြီး ယင်းအယ်လ်ဘမ် တွင် ပြန်ဆို တေးတစ်ပုဒ်သာ ပါဝင်ကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

‘‘ကိုယ်ကြိုက်တဲ့ Rapper အ မျိုးသမီး အဆိုတော်လည်း ဖြစ် တယ်လေ။ သူကလည်း တော် တယ်ဆိုတော့ ကိုယ်နဲ့အတူ အ လုပ်တွဲလုပ်ချင်တယ်ဆိုတော့ ၀မ်းသာအားရနဲ့ လက်ခံဖြစ် တယ်။ ဖြူဖြူဆိုတဲ့အပိုင်းမှာ ပုံစံ တစ်မျိုးဖြစ်အောင် အသံနဲ့ သရုပ် ဖော်တဲ့ပုံစံအဖြစ် ပြောင်းဆိုထား တယ်’’ ဟု ဖြူဖြူကျော်သိန်း က ပြော သည်။

ရက်ပ်စာသားအပိုဒ်ကို စန္ဒီ မြင့်လွင်က သီဆိုထားကာ သီချင်း စာသားနှင့်လိုက်ဖက်သော သီဆိုမှု များဖြစ်အောင် ဖန်တီးထား သည်ဟု ဆိုသည်။ ပြန်ဆိုတေးဖြစ်သော်လည်း အသံသွင်းစဉ်က ယင်းသီချင်း အပေါ် အားရကျေ နပ်မှု အပြည့်အ၀ရှိခဲ့ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။

ဇွန်လ ၁ ရက်တွင် ထွက်နိုင် ရန် စီစဉ်နေသော စန္ဒီမြင့်လွင်၏ တတိယအယ်လ်ဘမ်၌ ရန်ရန် ချမ်း၊ ဟဲလေး၊ အားတီတို့ ပါဝင်အားဖြည့်ပေးထားကြောင်း သိရသည်။

7Day Daily
No.359 Friday, April 25,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...