သင့်ကို လူတွေသဘောတွေ့လာစေမယ့်နည်း ( ၆ )နည်း



၁ ) တစ်ဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ ၊ တစ်ဖက်လူရဲ့ ပြဿနာကို စိတ်ဝင်စားပါ ။ ကိုယ်ကျိုးမကြည့်ရပါ ၊ သူမွေးသက္ကရာဇ်ကို မှတ်ထားပြီး သူ့မွေးနေ့မရောက်မီ တစ်ရက်အလိုမှာ အသိပေးလိုက်ပါ။ အံ့သြ၀မ်းသာနေပါလိမ့်မည် ။

၂ ) ပြုံးပါ ။ အပြုံးဟာ နုံးခွေနေသူကို အားရှိစေပါတယ်။ သောကကိုပြေပျောက်စေပါတယ်။ အပြုံးဟာ ငွေပေးဝယ်လို့မရသလို ချေးငှားယူလို့လည်းမရပါ။ ပေးတတ်ရင် အသုံးကျတဲ့ ပစ္စည်းတစ်မျိုးပါ။

၃ ) သူ့နာမည်ကို မှတ်ထားပါ ။ လူဆိုတာ တခြားသူတွေရဲ့ နာမည်ထက် ကိုယ်နာမည်ကို ပိုစိတ်ဝင် စားသူတွေပါ။ လွယ်လင့်တကူ သူ့နာမည်ကို ပြုံးပြီး ခေါ်လိုက်ပါ၊ သူ သင့်ကို စိတ်ဝင်စားသွားပါလိမ့်မယ် ။

၎ ) သူပြောတာ စိတ်ဝင်တစား နားထောင်ပါ ၊ ပြောနေသူ ဆက်ပြောနိုင်အောင် တွန်းအားပေးပါ ။

၅ ) တစ်ဖက်လူ အကျိုးရှိမယ့်ဘက်က စပြောပါ ၊ သူစိတ်ဝင်စားတဲ့ သူတန်ဖိုးထားတဲ့ အကြောင်းအရာကို စပြောပါ။

၆ ) တစ်ဖက်လူ အရေးပါတယ်ဆိုတာ သူသိအောင် ရိုးသားဖြူစင်စွာ ပြုပါ။ပြောပါ။ တစ်ဖက်လူရဲ့ ကောင်း ကွက်ကိုရှာပြီး အားတက်သရော ချိုးကျုးပြောဆိုပါ ၊မြှောက်ပြောခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်သော စိတ်ဖြင့်ထုတ်ပြောပါ ။

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to စကားလက်ဆောင် တရားလက်ဆောင်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...