မတ်လ နောက်ဆုံးပတ်မှ မေလကုန် အထိ မိုးကြိုး မုန်တိုင်း အန္တရာယ်ရှိ


(ရန်ကုန်၊ ဧပြီ ၈)

မတ်လ နောက်ဆုံးပတ် မှစ၍ မေ လကုန်အထိ မွန်းလွဲ ညနေပိုင်း များ၌ မိုးကြိုး မုန်တိုင်း အန္တရာယ်ကို သတိထားရ မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် က ပြောသည်။

မိုးကြိုးမုန်တိုင်း ဆိုသည်မှာ အား ကောင်းသည့် အဆင့်ရောက် ပြီးနောက် မကြာမီ ပြိုပျက်တော့မည့် မိုးတိမ်တောင် ကိုခေါ်ဆိုခြင်းဖြစ်သည်။

၎င်း မိုးတိမ်တောင်သည် နေရာ ကွက်၍ မိုးသည်းထန်စွာ ရွာချခြင်း၊ မိုး ခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်း တိုက်ခတ်ခြင်း၊ မီးစုန်းတောက်ခြင်း စ သည့်မိုးလေဝသ ဖြစ်စဉ်များကို ဖြစ်ပေါ် စေတတ်သည်။

ယင်း မိုးတိမ်တောင်များ ဖြစ်စဉ် နှင့်ပတ်သက်၍ အထူးသဖြင့် ပြည်တွင်း ရေကြောင်းသွား သင်္ဘောများ သတိ ထားရမည် ဖြစ်ပြီး လျှပ်စီး တလက်လက် နှင့် မိုးခြိမ်းသံ များပါ ကြားနေ ရပါက မိမိ နှင့်အများဆုံး လေးမိုင်ထက် မပိုသည့် အတွက် အန္တရာယ် အရှိဆုံးဖြစ်ကြောင်း ၄င်းကပြောသည်။

အဆိုပါ မိုးတိမ်တောင် များမှ ဖြစ် ပေါ်လာသော စိုက်ဆင်းလေပြင်းများ ကြောင့် ညနေစောင်း အချိန်များတွင် ပြည်တွင်း ရေကြောင်းသွား သင်္ဘောကြီး များ ရုတ်တရက် တိမ်းစောင်း နစ်မြုပ်ပြီး ခရီးသည်များ အသက် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ ဖူးကြောင်း ၄င်းက ပြောသည်။

အဆိုပါ မိုးတိမ်တောင်တိုင်း သည် နေရာကွက်၍ မိုးသည်းထန်စွာ ရွာချ ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုး ကြိုးပစ်ခြင်း တို့ ဖြစ်ပေါ် တတ်သော် လည်း ဤဖြစ်စဉ် များ အမြဲဖြစ်လေ့ ဖြစ် ထမရှိဘဲ တစ်ခါတစ်ရံ အားကောင်း မှ သာ တွဲ၍ဖြစ်ပေါ်လေ့ ရှိသည်။

ရာသီဥတု ပြောင်းလဲမှု များကြောင့် နွေရာသီနှင့် မိုးကြို ကာလတွင် အဆိုပါ မိုးတိမ်တောင် များကြောင့် ဖြစ်ပေါ်သည့် ရာသီဥတု ဖြစ်စဉ်များ သိသိသာသာ ပို များ လာကြောင်း ဦးထွန်းလွင် က ဆို သည်။

ယင်းကြောင့် မိုးလေဝသနှင့် ဇလ ဗေဒဦးစီး ဌာနက နိုင်ငံပိုင်သတင်း စာ များမှ တစ်ဆင့် မိုးကြိုးဘေး အတွက် လိုက်နာရန် အချက်များကို ထုတ်ပြန် ပေးလျက်ရှိသည်။

မြတ်စုငြိမ်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...