အဂတိတရားနှင့် စီးပွားရေးနွံ


photo:google

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၈ ရက်က အဖွဲ့ဝင်ကိုးဦးပါဝင်သော လာဘ်ပေးလာဘ်ယူ မှု အရေးယူဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ်္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် ဒုတိယသမ်္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ ယင်းနောက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မတီကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖွဲ့စည်း ခဲ့ပြန်သည်။

အစိုးရအသစ်လက်ထက်တွင် ဖွဲ့စည်း ထားသော အဂတိလိုက်စားမှု တိုက်ဖျက် ရေးအဖွဲ့များ ဖြစ်သည်။

သို့သော် Transapanacy International အဖွဲ့ကမူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ လာဘ်စားမှု အမြင့်ဆုံး ၁၇၇ နိုင်ငံ စာရင်းတွင် နံပါတ် ၁၅၇ နေရာက ပါဝင် နေဆဲဟုဆိုသည်။

အမြစ်တွယ်နေသည့် လာဘ်စားမှု

မြန်မာနိုင်ငံတွင် လာဘ်စားမှုသည် မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော ကိစ္စတစ်ခုမဟုတ်။ အစိုးရအဆက်ဆက်တွင် အမြစ်တွယ်လာခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်သည်။

လာဘ်စားမှုနှင့်ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်သည့် သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း က“ဖဆပလအဖွဲ့ကြီးဟာ ခြတောကြီးဖြစ်နေပြီ။ ထင်းရှူးသေတ္တာ တစ်လုံးပစ်ချလိုက်ရင် မျက်စိ တစ်မှိတ် အတွင်းမှာ ပျောက်သွားတဲ့ အခြေအနေ အထိဖြစ်နေပြီလို့ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင် ထုတ်ဖော် ပြောကြားရတဲ့အထိ ဖြစ်သွား ခဲ့ရတယ်”ဟု ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသားဖော်ပြခဲ့ ဖူးသည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်းမြန်မာနိုင်ငံ၏ လာဘ်စားမှုမှာ အလွန်အမင်းကြီး ထွားရှင်သန်လာခဲ့သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် လာဘ်ပေးလာဘ်ယူ ကိစ္စသည် အစဉ်အလာ ယဉ်ကျေးမှုတစ်ရပ်ကဲ့သို့ ဖြစ်ထွန်းရှင်သန်လာခဲ့သည်။ စစ်အစိုးရလက်ထပ်တွင် အစိုးရရုံးများ၌ “လာဘ်ပေးရန်မလို”ဟူသော သတိပေးစာသားများကို ချိပ်ဆွဲထားသော်လည်း ပြည်သူအများစုက မူ“လာဘ်ပေးရန်မလို”ဟုသာ အဓိပ္ပာယ်ကောက်ခဲ့ကြသည်။ စစ်အစိုးရလက်ထက်တွင် လာဘ်ပေး လာဘ်ယူကိစ္စဖြင့် ကြီးကြီးတက်ချမ်းသာလာသောအစိုးရအရာရှိများ အများအပြားရှိခဲ့သည်။ လာဘ် စားတတ်သော အစိုးရအရာရှိကြီးများကို အမှီသဟဲပြု၍ ချမ်းသာလာသော စီးပွားရေးသမားများ လည်းပေါ် ထွန်းလာခဲ့သည်။

၎င်းတို့ကို ပြည်သူလူထုက“ခရိုနီ”ဟု ကင်ပွန်းတပ်သည်။ လာဘ်စားတတ်သော အစိုးရအရာရှိ များနှင့် ခရိုနီတို့ လက်ဝါးချင်းရိုက်၍ စီးပွားရှာမှုကြောင့် ခရိုနီများ ပိုမိုရှင်သန်ကြီးထွားလာသကဲ့သို့ အစိုးရ အရာရှိကြီးတွေမှာလည်း အဆမတန် ကြွယ်ဝလာခဲ့ကြသည်။

သာမန်ပြည်သူအများစုမှာမူ စားဝတ်နေရေးအတွက် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်နေကြရဆဲပင် ဖြစ်သည်။

ပြည်သူကြားက လာဘ်စားမှု

သို့သော် ဆင်းရဲတွင်းနက်သော ပြည်သူလူထုတွေကြားထဲတွင်လည်း လာဘ်ပေး လာဘ်ယူကိစ်္စ ကင်းသည်တော့ မဟုတ်ချေ။

အပိုကြေး၊ လက်ဆောင်၊ ဂါရ၀၊ ကန်တော့ခြင်း စသည့်ဖြင့် အမည်အမျိုးမျိုး တတ်ပြီး လာဘ်ပေး လာဘ်ယူကိစ္စများကို ပြည်သူတွေရော၊ အစိုးရ၀န်ထမ်းများပါ ပျော်ပျော်ကြီး ကျူးလွန်ခဲ့ကြသည်။

သည်လို ကျူးလွန်တတ်အောင်လည်း အစိုးရက စနစ်တကျ စီမံဖန်တီးတားခဲ့ခြင်း ဖြစ်သည်။ ထိပ်ပိုင်းမှအစိုးရအရာကြီးများ ကိုယ်တိုင်က လာဘ်စားသကဲ့သို့ အောက် ခြေ၀န်ထမ်းတွေ လာဘ်စားသည်ကိုလည်း ခွင့်ပြုထားသည်။ ပြည်သူလူထုဘက်က လည်း လာဘ်ငွေပေးမှ အလုပ် ဖြစ်မည်ကို ကောင်းမွန်စွာ သိရှိနားလည်သဘော ပေါက်ကြပြီး ဖြစ်သည်။

စာရေးသူ၏ အမျိုးသမီးမိတ်ဆွေ တစ်ဦးက “ကျွန်မအဖေသာ လာဘ်မစား ခဲ့ရင် ကျွန်မတို့ လူဖြစ် လာစရာအကြောင်း မရှိပါဘူး”ဟု ဆိုဖူးသည်။ မြန်မာနိုင်ငံရှိ အစိုးရ ၀န်ထမ်းအားလုံးနီးပါးမှာ လာဘ်စားမှုနှင့် ကင်းလွတ်ခြင်းမရှိကြချေ။ လာဘ်စားမှုမရှိလျင်လည်း ၎င်းတို့၏ ဘ၀များ ဆက် လက်ရှင်သန်နိုင်မည် မဟုတ်ချေ။

လာတ်စားမှုဟုဆိုလျှင် အများစုက အစိုးရ၀န်ထမ်းများ လာဘ်စားခြင်း၊ လက်ဖက်ရည်ဖိုးတောင်း ခြင်း စသည့်ကိစ္စများကို မြင်ယောင်ပြီး အပြစ်တင်တတ်ကြသည်။ အစိုးရ၀န်ထမ်းများ၏ ဘ၀ အခြေအနေကို ထဲထဲဝင်ဝင်လေ့လာဖို့ အားထုတ်လေ့ မရှိကြ။ ထို့အတူ ခေတ်အဆက်ဆက် အစိုးရ များကလည်း အစိုးရ၀န်ထမ်းများ၏ ဘ၀ ရှင်သန်ရပ်တည်ရေးကို အလေးထား စဉ်းစားပေး တာမျိုးမရှိခဲ့။ သို့အတွက် ပြည်သူ လူထုက အစိုးရ၀န်ထမ်းများကို လာဘ်စားလေ့ရှိသူများဟူသာ ရှုမြင်လာကြသည်။ အစိုးရကိစ်္စဆိုလျင် ငွေပေးမှအဆင်ပြေ သည်ဟု မှတ်ယူလာကြသည်။
အကျိုးအဆက်အားဖြင့် တိုင်းပြည် ချွတ်ခြုံကြ၍ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ်ရောက်ရှိသွားစေခဲ့ သည်။ အဆိုးဆုံး အကျိုးရလဒ်မှာ ပြည်သူရော အစိုးရ၀န် ထမ်းများပါ အကျင့်စာရိတ္တ ပျက်ယွင်းသွား ခဲ့ကြခြင်းပင် ဖြစ်သည်။

မိဘများ ကိုယ်တိုင်ကလည်း မိမိတို့ သားသမီးများ အစိုးရ၀န်ထမ်းလုပ်လျင် လာဘ်လာဘပေါများ သော ဌာနများတွင် သာ ၀င်ရောက်လုပ်ကိုင်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးကြသည်။ လာဘ်လာဘ ပေါများသော ဌာနတစ်ခုတွင် နေရာတစ်ခု ရရန်ငွေကျပ်သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံသူတွေ လည်း ရှိသည်။

နေရာရလျှင် ရင်းထားသည့်ငွေများ လပိုင်းနှင့် ပြန်လည်ရယူနိုင်သည်ဟု ၎င်းတို့က ထင်မြင်ယူဆ ကြသည်။ တန်ဖိုး မဖြတ်နိုင်သည့် အကျင့်စာရိတ်္တဆုံးရှုံးသွား သည်ဆိုခြင်းကိုမူ သတိမမူခဲ့ကြ။ သိက္ခာက အရေးမကြီး၊ ရိက္ခာသာ အရေးကြီးသည်ဟူသော စကားများကိုလည်း နေရာအနှံ့မှာ ကြားလာရသည်။

ငါးကြီးကြီးကို ကြော်လိုက်ပါ

မြန်မာပြည်၏လာဘ်စားမှုသည် အမြစ်တွယ်နေသော သစ်ပင်တစ်ပင်နှင့် တူသည်။ လာဘ်ပေး၊ လာဘ်ယူကိစ်္စသည် တိုင်းပြည်ကို များစွာထိခိုက် နစ်နာစေသော ကိစ္စလည်း ဖြစ်သည်။ သို့သော် လာဘ်ပေး လာဘ်ယူကိစ်္စကို ချက်ချင်းဖြေရှင်း၍မရ။ သည်အချက်ကို အစိုးရတာဝန်ရှိသူများ သာမက မြန်မာနိုင်ငံသားများကပါ ကောင်းမွန်စွာ သိရှိနားလည် သဘောပေါက်ထားဖို့ လိုပါသည်။ အမြစ်တွယ်နေပြီဆိုသော်လည်း လာဘ်ပေးလဘ်ယူကိစ္စကို ဥပေက်္ခာပြု ထား၍လည်းမရပြန်။ စနစ်တကျ စီမံချက် ရှိရှိဖြင့် ဆောင်ရွက်နိုင်လျင် လာဘ်ပေး လာဘ်ယူကိစ်္စများလျော့နည်း သွားနိုင်သည် ခြင်းကို သတိပြုမိဖို့လိုသည်။

လာဘ်ပေး လာဘ်ယူကိစ်္စ တိုက်ဖျက်ရာတွင် အမြစ်ကြီးကြီးကို ဦးစွာဖြတ်တောက် ပစ်ဖို့လိုသည်။ အကြီးအကျယ် လာဘ်စား လေ့ရှိသော အစိုးရ၀န်ထမ်းများကို ထိ ရောက်စွာအရေးယူဖို့ ဆိုလိုခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က အကြီး အကျယ်လဘ် စားသော အစိုးရအရာရှိများကို အရေးယူ ရန်ကိစ်္စနှင့်ပတ်သက်ပြီး “ငါးကြီးကြီးကို အချို့ကိုကြော်လိုက်ပါ””ဟု ဥပမာပေး၍ ရေးသားဖော်ပြခဲ့ဖူးသည်။ အဆိုပါ ငါးကြီးကြီးများမှာ မိမိကန်ထဲမှငါးများဖြစ်လျှင် ပိုကောင်းသည်ဟုလည်း ဆရာဦးမြင့်က ဆိုသည်။

ငါးကြီးကြီးများကို ကြော်လိုက်လျှင် ငါးသေးသေးလေးများ၏ ခြေလှမ်းများကိုလည်း အလိုအလျောက် ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်သည်။

ထို့အတူ အောက်ခြေ၀န်ထမ်းများ လာဘ်စားရသည့်အကြာင်းအရင်းကိုလည်း စနစ်တကျ သုတေ သေသနပြုလုပ်ရန် လို အပ်သည်။ သုတေသနပြုလုပ်ရန်မှရရှိလာ သည့် အချက်အလက်များကို စနစ်တကျ ဖြည့်ဆည်းပေးနိုင်လျင် လဘ်ပေးလာဘ်ယူ ကိစ်္စများ အတိုင်းအတာတစ်ခုအထိ လျော့ နည်းသွားနိုင်သည်။

အစိုးရ၀န်ထမ်းများကိုလစာတိုးပေး ပြီး၊ လျှပ်စစ်မီတာခများ တိုးမြင့်ကောက်ခံ လျင်လဘ်ပေး၊ လဘ်ယူကိစ်္စများ ဆက် လက်ရှင်သန်ကြီးထွား နိုင်သည်ဆိုခြင်းကို လည်းအစိုးရတာဝန်ရှိသူများ အထူးသတိ ပြုမိဖို့လိုပါသည်။

ကျုပ်ဝန်ကြီးတွေ လာဘ်မစားဘူး

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းက သူအာဏာရလာလျှင် နောက်ဖေးပေါက်က၀င် လာနိုင်သည့် စီးပွားရေးသမားတို့၏ခြေလှမ်းကိုကြိုတင်သိမြင်နိုင်စွမ်းရှိခဲ့သည်။ သို့အတွက် သူ့တပည့် ဗိုလ်ထွန်းလှ (စာရေးဆရာတက္ကသိုလ် နေ၀င်း)ကို အိမ်နောက်ဖေးက၀င်လာမည့် စီးပွားရေးသမားတွေကို လက်မခံဖို့မှာကြားသည်။ စီးပွားရေးသမား များနှင့်ရောနှော ဆက်ဆံမည် ကိုဝန်လေးသဖြင့် ငါးမူးတန်က ရုပ်ရှင်ကြည့်သည်။ စားဝတ်နေရေး ပြေလည်အောင် သူ့အိမ်ဝင်းထဲ မှာသီးနှံပင်တွေစိုက်သည်။ သူ့ကို ကြည်ညိုလွန်းသည် ရှမ်းတိုင်းရင်းသား အဘိုးအိုတစ်ယောက်က ရွှေပုံပေးသည်ကိုပင် လက်မခံ။ ဖဆပလ အဖွဲ့၏ ရန်ပုံငွေအဖြစ်သာ လွဲပြောင်းပေးခဲ့သည်။ ပြည်သူတွေကို ပြောသည့် မိန့်ခွန်းများထဲတွင် ကျုပ်ဝန်ကြီးချုပ်တွေ လာဘ်မစားဘူးဟု ခပ်ပြတ်ပြတ် ထည့်သွင်း ပြောဆိုတတ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမြစ်တွယ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ပပျောက် အောင်ကြိုးစားဖို့ ခြေ လှမ်းပြင်သည်။ သမ္မတကြီး ဦးသိန်းစိန် အုတ်မြစ်ချပေးခဲ့သော လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်များ အခြေ ခိုင်လျင် နောင်ဆယ်စုနှစ်ပေါင်းများစွာကြာသည့်အခါ ကျုပ်ဝန်ကြီးချုပ်တွေ လာဘ် မစားဘူးဟု ပြည်သူကိုရဲရဲဝံ့ဝံ့ အာမခံရဲ သော ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံ့ခေါင်း ဆောင်တစ်ဦး ပေါ်ထွက်လာနိုင်မည်ဟု ထင်မြင်ယူဆမိသည်။

နိဂုံး

အိန္ဒိယသတင်းစာဆရာ ဆူတစ်ဘီစ၀ါ က အကျင့်ပျက် အဂတိလိုက်စားခြင်း (Corruption) သည် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးမည့် အဓိကရန်သူဟု ဆိုဖူးသည်။

ကမ္ဘာကျော် စီးပွားရေးပညာရှင် အောက်စဖို့တက်္ကသိုလ် ပါမောက္ခ ပေါလ်ကို လီယာ (Paul Collier) ကလည်း ၄င်းရေးသားသည့် “အောက်ခြေကသန်း တစ်ထောင်” (The Bottom Billion) စာအုပ် တွင် ““ စီမံအုပ်ချုပ်မှုညံ့ဖျင်းသည့်အခါ အကျင့် ပျက်လဘ်စားမှုကနိုင်ငံကို လွှမ်းမိုးလာ လိမ့်မည်” ဟု ရေးသားဖော်ပြခဲ့ဖူးသည်။

သတင်းစာဆရာကြီး ဆရာလူထု စိန်ဝင်းက “အကျင့်ပျက်ခြစားတဲ့ လုပ်ပိုင် ခွင့်ရှိသူနဲ့ မိုးကျရွှေ ကိုယ်စီးပွားရေးသမားများကို ဖယ်ရှားရှင်းလင်းခြင်း မပြုနိုင်လျှင် ပြင်ပကဘာတွေ ဘယ်လောက်ပဲ ၀င်လာ ၀င်လာ တစ်ခုမှ အဖတ်တင်မှာ မဟုတ်တာ သေချာတယ်” ဟု ရေးသားထောက်ပြခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ၂၀၁၂ ခုနှစ် မြန်မာပြည် ခရီးစဉ်အတွင်း “ မြန်မာနိုင်ငံ၏အကျင့် ပျက်ခြစားမှုကို နောက်ချန်ထားနိုင်မှသာ ဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်မည်”ဟု ဆိုဖူးသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လက်ကျန်သက်တမ်းနှစ်နှစ်အတွင်း လာဘ်ပေးလာဘ်ယူကိစ်္စကို ထိရောက်စွာဖြိုခွင်း နိုင်မည်မဟုတ်ဟု ထင်မြင်ယူဆမိသည်။ သို့အတွက် သမ္မတဦးသိန်းစိန် အနေဖြင့် ငါးကြီးကြီးများ ကြော်နိုင်ရေးကိုသာ အလေးထားဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူ ဆမိသည်။ ငါးကြီးကြီးများကြော် နိုင်လျင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကိုလည်း အတိုင်းအတာတစ်ခု အထိ အထောက်အကူပြုနိုင်မည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့ စည်းထားပြီး ဖြစ်သော်လည်း ငါးကြီးကြီးများရှင်သန်နေ သည်ကို တွေ့မြင်နေရစဲ ဖြစ်သည်။

အဂတိလိုက်စားမှုကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိလျှင် မြန်မာပြည်သည် ကျပ်တည်းသည့် စီးပွားရေးနွံတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေဦးမည်သာဖြစ်သည်။

Mizzima Burmese

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...