ဆိုင်ကယ်မှ ရပ်ထားသော ကွန်တိန်နာယာဉ်ကို ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းသူ (၃) ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးအ တိုင်း တောင်မြောက်လမ်းဆုံဘက်မှ ရွာသာကြီး ဘက်သို့ စိုင်းခမ်းမောင်(စိစစ်ဆဲ)မောင်းနှင်ပြီး နောက် ဘက်မှ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ကိုစောမင်းထွန်း (၂၈)နှစ်နှင့် အောင်နိုင်ဦး (၃၂)နှစ်တို့ လိုက်ပါစီးနင်းလာသော JLM -110ခဲ/နက်ရောင် ဆိုင်ကယ်သည် အမှတ်(၅၃၃) တပ်ရှေ့ အရောက် လမ်းဘေးတွင် ရပ်ထားသော ကွန်တိန်နာယာဉ်၏ နောက်ဝဲဘက်ခြမ်းကို ၀င်ရောက်တိုက်မိခဲ့
ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ စိုင်းခမ်းမောင်နှင့် ကိုစောမင်းထွန်းတို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကိုအောင်နိုင်ဦးတွင် ဖူးရောင်
ပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ စိုင်းခမ်းမောင် (သေဆုံး)အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-က ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...