လေဖြတ်ရောဂါဖြစ်စေတတ်သော အခြေခံရောဂါများ---



၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း၊
စတဲ့ အခြေခံရောဂါတွေဟာ လေဖြတ်ဖို့ အင်မတန်မှ နီးစပ်တဲ့ရောဂါများ ဖြစ်ပါတယ်။

လေဖြတ်ရောဂါပျောက်ကင်းဖို့အတွက် လိုအပ်ချက်များ---

၁။ လူနာကိုယ်တိုင် ရောဂါပျောက်ချင်တဲ့စိတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုတယ်။
၂။ လူနာစောင့်မှ လက်ကလေးလှုပ်လိုက်ပါဦး၊ ခြေလေးလှုပ်လိုက်ပါဦး စသည်ဖြင့် အနားမှ လေ့ကျင့်ခန်း လုပ်ရန် သတိပေးလှုပ်ရှားခိုင်းနေရမယ်။
၃။ မိသားစုမှ လူနာပေါ် နားလည်မှုနဲ့ စိတ်ရှည်စွာ ဆက်ဆံရပါမယ်။
၎။ ကုသသောဆရာကောင်း ဖြစ်ရပါမယ်။
၅။ မိတ်သင်္ဂဟနှင့် အမြဲတွေ့ဆုံစေပြီး ဝိုင်းဝန်းအားပေးစကား ဆိုရပါမယ်။

လေဖြတ်ခြင်း ( paralytic stroke) အကြောင်းရေးသားထားသည့်ပို့ စ်များကိုလည်း ဆက်လက်ဖတ်ရှု့ စေချင်ပါတယ်ခင်ဗျာ အားလုံးနည်းပါ သိတော့ ဆောင်ရှောင်နိုင်ပါလိမ့်မည် ။


နာတာရှည်ရောဂါအပေါင်းမှ ကင်းဝေးပြီး အသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...