လိင်တူချစ်သူနှင့် လက်ထပ်လိုက်သည့် ဂျိုဒီဖော်စတာ



ဟောလီးဝုဒ်မင်းသမီး ဂျိုဒီဖော်စတာ အနေဖြင့် သူမ၏ လိင်တူချစ်သူ အလက်ဇန္ဒရာ ဟီဒီဆန်ကို လက်ထပ် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဂျိုဒီ၏ ကိုယ်ရေးအရာရှိဖြစ်သူက အဆိုပါ သတင်းကို အတည်ပြု ကြေညာ ခဲ့သည်။ အလက်ဇန္ဒရာသည် ဓာတ်ပုံဆရာမနှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ အော်စကာဆုရှင် မင်းသမီးသည် ပြီးခဲ့သည့်နှစ်၊ Golden Globes ဆုပေးပွဲတွင် မိမိသည် လိင်တူစုံမက်သူ တစ်ဦးအဖြစ် လူသိရှင်ကြား ကြေညာခဲ့သည်။ သူမသည် ယခင်က ဆစ်ဒနီ ဘားနတ်နှင့် နှစ်ပေါင်း(၂၀)ကြာ တွဲဖြစ်ခဲ့ပြီး သားနှစ်ဦး ထွန်းကားခဲ့သည်။ သို့သော်လည်း (၂၀၀၈)ခုနှစ်ကမူ ယင်းတို့နှစ်ဦး၏ ဆက်ဆံရေး ဆုံးခန်း တိုင် ပြတ်စဲသွားခဲ့သည်။



အသက်(၅၁)နှစ် ရှိပြီဖြစ်သော မင်းသမီးသည် (၁၉၈၉)နှင့် (၁၉၉၂)ခုနှစ်များက The Accusedနှင့် The Silence of the Wombs ဇာတ်ကားများဖြင့် ဇာတ်ဆောင်မင်းသမီး အော်စကာဆုများကို ဆွတ်ခူးရရှိခဲ့ဖူး သည်။ သူမသည် (၂၀၁၃)ခုနှစ်က ရုံတင်သည့် Elysiumတွင် နောက်ဆုံးပါဝင် သရုပ်ဆောင်ထားခဲ့သည်။ ဂျိုဒီနှင့် အလက်ဇန္ဒရာတို့သည် ယမန်နှစ်က စတင်၍ တွဲဖြစ်ခဲ့ကြပြီး ယခုလက်ထပ်မှု အစီအစဉ် အသေး စိတ်ကိုမူ တိတိကျကျ ကြေညာခြင်း မရှိချေ။ ဂျိုဒီနေထိုင်သော ကယ်လီဖိုးနီးယား ပြည်နယ်သည် လိင်တူထိမ်းမြားခွင့်ကို တရားဝင် ခွင့်ပြုပေးထားပြီး ဖြစ်သည်။ ဂျိုဒီသည် လက်ရှိအချိန်ထိ ရုပ်ရှင် ဇာတ်ကားပေါင်း (၄၀)ကျော် ရိုက်ကူးထားကာ ဟောလီးဝုဒ်၏ အထင်ရှားဆုံး ရွှေအိုရောင် မင်းသမီး တစ်လက်အဖြစ် ရပ်တည်လျှက်ရှိသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...