အရပ်ရှည်ချင်သူ များအတွက်



လူတစ်ယောက်ရဲ့အရပ်ကို ဘယ်လိုအချက်တွေက လွှမ်းမိုး ထားလဲ???

လူတစ်ယောက်ရဲ့ အရပ်ကို မျိုးရိုး ဗီဇ၊ ဟော်မုန်းနဲ့သူ စားသောက်တဲ့ပုံစံ (အဟာရ)တွေက အဓိက လွှမ်းမိုးထားပါ တယ်။ လူတွေ အရွယ်ရောက် ချိန်မှာ (လူ ပျိုဖော်၊ အပျိုဖော်) ဝင်စအချိန်တွေမှာ သူ့ရဲ့ မျိုးရိုးဗီဇ၊ ဟော်မုန်းနဲ့ အဟာရတွေ ပေါင်းစပ်ပြီးအရပ်ရှည်ထွက်တာအရမ်း ကိုမြန်လာပါတယ်။ ပျှမ်းမျှ အားဖြင့် မိန်း ကလေးတွေမှာ အသက် ၁၈ နှစ်၊ ယောကျာ်းလေးတွေမှာ ၂၁ နှစ်အရွယ် လောက်ဆိုရင်တော့ အရပ်ရှည်ထွက် တာရပ်တန့်သွားပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇ၊ ဟော်မုန်း၊ အဟာရနှင့် လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေအပေါ် မူတည်ပြီးတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တစ်ချို့တွေမှာ အဟာ ရပြည့်ဝစွာစားသောက်ခြင်း၊ အရပ်ရှည် စေတဲ့လေ့ကျင့်ခန်းများကိုစနစ်တကျ လုပ်ဆောင်ခြင်းနှင့် ဟော် မုန်းဆေးတို့ ကြောင့် အသက် ၂၅ နှစ်မှ ၂၈ နှစ် အထိ အရပ်ရှည်ထွက်နိုင်ကြောင်းတွေ့ ရှိရပါတယ်။

အရပ်ရှည်အောင်ဘာတွေစားရ မလဲ

ဟင်းသီးဟင်းရွက်များ၊ သစ်သီး များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသား ၊ပဲ၊ အာလူးစတာတွေကို များများ စားပြီး ရေလဲများများသောက်ပေးပါ။

အိပ်စက်ခြင်းဟာ အရပ်ရှည် ထွက်မှုအပေါ်အကျိုးသက်ရောက်မှု ရှိပါသလား။

အရပ်ရှည်ထွက်ခြင်းမှာအရေးပါ တဲ့ Growth Hormone ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် အိပ်ရေး ဝ အောင်အိပ်ဖို့လိုပါတယ်။

အရပ်ရှည်စေတယ်ဆိုတဲ့လေ့ကျင့် ခန်းတွေက တကယ်အကျိုးရှိလား။

တစ်ချို့လေ့ကျင့်ခန်းတွေကတော့ အမှန်တကယ်အကျိုးရှိပါတယ်။ အရွယ် ရောက်စအချိန်မှာ အရပ်ရှည် ထွက်နှုန်း ကိုပိုမြန်အောင်ထောက်ပံ့ပေးပါတယ်။ အရပ်ရှည်ထွက်တာရပ်တန့်သွားတဲ့ အရွယ်မျာ လုပ်ရင်လည်း လူရဲ့ကိုယ်နေ ဟန်ထားကို မှန်ကန်စေပါတယ်။ ဘယ် အသက်အရွယ်မှာမဆို မှန်ကန်တဲ့ ကိုယ်နေဟန်ထားရရှိလာမယ်ဆိုရင် လက်ရှိအရပ်ထက် ၂ လက်မအထိ ပိုရှည်လာနိုင်ပါတယ်။

အရပ်ရှည်အောင်ခွဲစိတ်ပြုပြင် လို့ရပါသလား။

ရပါတယ်။ Cosmetic Leg Lengthening Procedure နဲ့အရပ်ရှည် အောင်ခွဲစိတ်ပြုပြင်လို့ရပါတယ်။ ဒါပေ မယ့် အဲဒီခွဲစိတ်မှုဟာ အလွန်ရှုပ်ထွေး ခက်ခဲပြီးငွေကြေးကုန်ကျများလှပါတယ်။ ထို့ပြင် ခွဲစိတ်ပြုပြင်ပြီး ချိန်မှ နေ့စဉ် အလုပ်တွေကို ပုံမှန်လုပ်နိုင်တဲ့အချိန် ထိ (ခွဲစိတ်ထားတာလုံးဝကောင်း သွားမယ့် အခြေ အနေထိ) အလွန်ကြာ ပါတယ်။

မျိုးဆက်သစ်လူငယ်တွေဟာ အရင်လူတွေထက် ဘာလို့အရပ်ပို ရှည်လာတာလဲ

စီးပွားရေးကောင်းမွန်မှုနဲ့ လူတွေရဲ့ အရပ်ဟာ ဆက်စပ်မှုရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက် မှုတွေ ကောင်းမွန် ခြင်းနဲ့ အဟာရပြည့်ဝတဲ့အစားအ သောက်တွေများပြားလာခြင်းဟာ မျိုး ဆက်သစ်တွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ဖွံ့ဖြိုး စေပြီး အရပ်ကလည်းပိုရှည်လာစေပါ တယ်။

လူတွေရဲ့ အရပ်ပေါ်မူတည်ပြီး ပျှမ်းမျှကိုယ်အလေးချိန်ဘယ်လောက် ရှိသင့်သလဲ။

ယောကျာ်းလေးတွေအတွက် အရပ် ၅ ပေမှာ ကိုယ်အလေးချိန် ၁ဝ၆ ပေါင်ရှိရမှာပါ။ ၅ ပေအထက် ၁ လက် မကျော်တိုင်းခြောက်ပေါင်စီ ထပ်ပေါင်းရမှာပါ။ မိန်းကလေးတွေအတွက်တော့ အရပ် ၅ ပေမှာ ၁ဝဝ ပေါင် ရှိရမှာဖြစ် ပြီး ၅ ပေအထက် ၁ လက်မစီကျော် တိုင်းငါးပေါင်စီထပ်ပေါင်းကြည့်ပါ။
 
X Gym Fitness Club - Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...