အမေဇုန် အီးဘေးနှင့် အက်ပဲလ်တို့ကို မြန်မာပြည် အရောက်ပို့မည့် ရန်ကုန်အွန်လိုင်း

ကုန်အွန်လိုင်းစတိုး အင်တာနက်စာမျက်နှာက အမေဇုန်နှင့် အီးဘေးအင်တာနက် စာမျက်နှာတို့၏ ကနဦး ပုံစံကို အတုယူပြုလုပ်ထားသည်။ လူများနှင့် ရင်းနှီးကျွမ်းဝင်နေသော အရောင်းပစ္စည်းများတွင် စာအုပ် များ၊ လျှပ်စစ်ပစ္စည်းများ၊ အားကစားကိရိယာများ၊ ကျန်းမာရေးနှင့်အလှအပ၊ အ၀တ်အထည်များအက်ပဲလ် တံဆိပ်လျှပ်စစ်အသုံး အဆောင်များ ပါဝင်သည်။
သေချာအနီးကပ်လေ့လာ ကြည့်လျှင် ပစ္စည်းအချို့တွင် သာ ဈေးနှုန်းများကပ်ထားသည် ကိုတွေ့ရမ ည်ဖြစ်ပြီး အွန်လိုင်း ပေါ်တွင်ပေးချေရန် နည်းလမ်း မရှိပါ။ ဒရက်ဒစ်ကတ်တံဆိပ် များလည်း မရှိသလို အင်ဒိုနီး ရှား၊ ထိုင်းနှင့် ဗီယက်နမ်လူမျိုး များ ၀ယ်ယူသကဲ့သို့ ပြည်တွင်း ဘဏ်များမှတစ်ဆင့် အဆိုပါ အင်တာနက် စာမျက်နှာသို့ ငွေပေးပြီး လည်း မ၀ယ်ယူနိုင်ပါ။
ရန်ကုန်အွန်လိုင်းအင်တာ နက်စာမျက်နှာ၏ ရှင်းပြထားချက် အရ ၎င်းတို့ထံတွင် ၀ယ်ယူသမျှ ကို ရန်ကုန်မြို့ ယောမင်းကြီးလမ်း ရှိ မှန်များကာထားသော ဈေး ဆိုင်တွင် ပေးချေရသည်။
အဆိုပါ ရန်ကုန်အွန်လိုင်း စာမျက်နှာကို အမေရိကန်နိုင်ငံ တွင် နေထိုင်သည့် အသက်လေး နှစ် အရွယ် မြန်မာကလေးတစ်ဦး ၏ စိတ်ကူးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဈေးဝယ်သူများအနေ ဖြင့် အင်တာနက် စာမျက်နှာကို အရင်ကြည့်ပြီးမှသာ သူတို့ဘာ ၀ယ်ချင်သလဲဆိုသည်ကို ဆုံး ဖြတ်ရန် ဖြစ်သည်။
ဈေးဝယ်သူများအနေဖြင့် အမေဇုန်နှင့် အီးဘေးအင်တာ နက် စာမျက်နှာနှင့် အက်ပဲလ်စတိုး အင်တာနက် စာမျက်နှာများမှ နှစ်သက်သည့် ပစ္စည်းကိုရွေးချယ်ပြီး ရန်ကုန်အွန်လိုင်းစတိုး ဈေးဆိုင်သို့ ဖုန်းခေါ်ဝယ် ယူနိုင်သည်။ ရန်ကုန် အွန်လိုင်းစတိုး စာမျက်နှာတွင် မရှိသည့် အမေဇုန်နှင့် အခြားစာမျက်နှာများမှ ပစ္စည်းများကို လည်း မေးမြန်းနိုင် ကြသည်။
နောက်ဆုံးတွင် ၀ယ်ယူသူ များအနေဖြင့် ရန်ကုန်စတိုးသို့ အ ရောက်လာရမည်ဖြစ်ပြီး ပစ္စည်း၏ ကျသင့်ငွေ ၅၀ ရာခိုင်နှုန်းကို ပေးချေရသည်။ ရန်ကုန်အွန်လိုင်း စတိုးက အမေရိကန်တွင် ထိုပစ္စည်းများကို ၀ယ်ယူပြီး မြန်မာနိုင်ငံသို့ တင်ပို့ပေးမည့် ကိုယ်စားလှယ် များ ရှိသည်။ အများအားဖြင့် ပစ္စည်းပို့ချိန် မှာ နှစ်ပတ်မှ သုံး ပတ်အထိ ကြာ၏။ ဈေးဝယ်သူ များအနေဖြင့် ကျန်ရှိနေသော ငွေကို ဆိုင်တွင် ပစ္စည်း လာယူသည့် အခါမှ အပြီးချေရသည်။
အေဘီစက်များ၊
အိုင်ဖုန်းနှင့် ဂေါ့ဖ်ကလပ်
အမေဇုန်အင်တာနက် အရောင်းဆိုင်က ဒေါ်လာ ၅၀ တန် Coach အမျိုးအစားလက် ကိုင်အိတ်ကို အမေရိကန်နိုင်ငံအတွင်း အခမဲ့ပို့ပေးသော်လည်း ရန်ကုန်အွန်လိုင်းစတိုးက မြန်မာ နိုင်ငံသို့ ပို့ပေးရာတွင် အခွန်အ ပြင် ၃၅ ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေကို ထပ်ဆောင်း ပေးရမည်ဖြစ်သည်။ အမေရိက မှာ ၅၉၉ ဒေါ်လာပေးရသောအိုင်ဖုန်းက မြန်မာနိုင်ငံသို့ရောက်သည့် အခါ ဒေါ်လာ ၇၀၀ ခန့်ကျ မည် ဖြစ်ပါ သည်။ ဒေါ်လာ ၅၀ တန်တီရှပ်က ၆၇ ဒေါ်လာကျပါ သည်။ များသောအားဖြင့် အပို ပေးရမည့် ငွေက ပစ္စည်း၏ အ လေးချိန်နှင့် အရွယ်အစားပေါ်မူ တည်ပါသည်။
အဆိုပါ စီးပွားရေးလုပ်ငန်း သည် စိတ်ဝင်စားစရာကောင်းပြီး ချမ်း သာသော မြန်မာလူမျိုးများက ဇိမ်ခံ ပစ္စည်းများအပေါ်မှာ မည်ကဲ့သို့ မြင်သည်ဆိုသည် ရန်ကုန်အွန်လိုင်းစတိုး၌ ပြတင်းပေါက်သဖွယ် မြင်နေရ သည်။
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်လေဆာပစ္စည်းများ၊ ဂျီပီ အက်စ်အသုံးအဆောင်များ၊ အင်ဂျင်နီ ယာဆော့ဖ်ဝဲ၊ ဂေါ့ဖ်အသုံး အဆောင်များနှင့် တင်းနစ်ပစ္စည်း များကို ၀ယ်ရမည့် နေရာကောင်းကောင်း မရှိပါ။ အဆိုပါ ပစ္စည်းများကို ထိုင်းကိုလေယာဉ်စီးပြီး သွားဝယ်ရမှာလည်း ဈေးကြီးလှ၏။
ထို့ကြောင့် ထိုစနစ်က အ လုပ်ဖြစ်ပါသည်။ Lancome က အလှကုန်ကို ၀ယ်မလား၊ ဘီယွန် နီစ်ရေမွှေး လား၊ ဒေါ်လာ ၇၀၀ တန် နောက်ဆုံးထုတ်အိုင်ဖုန်းလား၊ ၆၇ ဒေါ်လာတန်တီရှပ်လား၊ အဆိုပါ ဆိုင်မှ အရောင်းစာရေး ၏ ပြောကြားချက်အရ အလှကုန်၊ ရေမွှေးနှင့် အ၀တ်အစားများက အရောင်းရဆုံး ပစ္စည်းများဖြစ် သည်ဟု ဆိုပါသည်။
ရန်ကုန်နှင့် မန္တလေးမြို့များ တွင်လည်း နောက်ဆုံးပေါ် စမတ် ဖုန်း၊ အိုင်ဖုန်းနှင့် ကွန်ပျူတာ၊ ဒစ် ဂျစ်တယ် ကင်မရာ ရောင်းသည့် နေရာများရှိပါသည်။ လူအနည်းငယ်လောက်ကသာ ဈေးကြီးသော ဖုန်းများကို ၀ယ်လိုပြီးနောက်ဆုံးပေါ်မော်ဒယ်များကို ၀ယ်ယူနိုင်ပါသည်။ ရန်ကုန်မြို့လယ်ကောင်တွင် ရောင်း သော အိုင်ဖုန်းများတွင် ထိုင်းနိုင်ငံမှ ၀င်လာသော ဖုန်းအဟောင်းများ လည်း ပါပါသည်။
နယ်မြို့များရှိ အရောင်း ဆိုင်များမှာ မှန်ကောင်တာများ ဖြင့် ခင်းကျင်းပြသထားသော တယ်လီဖုန်းများ မှာ မြန်မာလူမျိုး တို့ အကြိုက်တယ်လီဖုန်းများ ဖြစ်ပါသည်။ ဒေါ်လာတစ်ရာ မကျော်ဘဲ အဆိုပါ ဖုန်းများကို ရနိုင်ပါ သည်။ ဖုန်းနှင့် ဆင်းမ်ကတ်မှာ ယခုအချိန်ထိ ဈေးကြီးနေပါသေးသည်။
ဝယ်ယူသုံးဖြုန်းနိုင်သည့် စွမ်းအားမှာ မြန်မာနိုင်ငံတွင် သိပ်မရှိသေးပါ။ တစ်နှစ်လျှင်ပျမ်းမျှလူ တစ်ယောက် ၏ ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁၀၀၀ ၀န်းကျင်သာ ရှိပါသေးသည်။ အစိုးရ၏ သုံးစွဲနိုင်အားက နိုင်ငံဂျီဒီပီ၏ ၂၅ရာခိုင်နှုန်းသာ ရှိသည်။ ရန်ကုန် အွန် လိုင်းစတိုးမှာ အနာဂတ်လမ်း ကြောင်းအတွက် သင်္ကေတ တစ် ခုဖြစ်ပါလိမ့်မည်။
(Forbes မဂ္ဂဇင်းပါ Yangon Online Delivers Amazon, eBay and Apple to Myanmar ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
7Day Daily
No.358 Thursday, April 24,2014