ကိုယ်ခန္တာတွင် သွေးလှည့်ပတ်ခြင်း

နှလုံး တစ်ချက်တစ်ချက် ခုန်တိုင်းမှာ Left Ventricle နှလုံးဘယ်ဘက်အောက်ခန်းက သွေးများဟာ Aortic Valve သွေးအဆို့ရှင်တွေကိုဖြတ်ပြီး ပထမဆုံး Aorta သွေးကြောမကြီးထဲကိုရောက်ပါတယ်။ Valve အဆို့ရှင်တွေရဲ့ တာဝန်ကတော့ Aorta သွေးကြောမကြီးထဲက သွေးတွေကို နောက်ပြန်မသွားအောင် ထိန်းပေးရခြင်းပဲ ဖြစ်ပါတယ်။ နှလုံးကညှစ်လိုက်တဲ့အခါ သွေးကြောတွေထဲမှာသွေးပေါင်ချိန်က တက်သွားပါတယ်။ အဲဒီတက်သွားတဲ့ သွေးပေါင်ချိန်ကို Systolic Blood Pressure အထက်သွေး လို့ ခေါ်ကြပါတယ်။ အဆို့ရှင်တွေ ပိတ်သွားပြီး Diastolic Phase နှလုံးနားနေတဲ့အချိန်မှာ ရှိတဲ့သွေးပေါင် ချိန်ကိုတော့ Diastolic Blood Pressure အောက်သွေးလို့ခေါ်ပါတယ်။ လူဟာ မတ်တတ်သွား သတ္တ၀ါ ဖြစ်တဲ့အတွက် ဦးဏှောက်နဲ့ တခြားနေရာတွေကို သွေးရောက်အောင်ပို့တဲ့ နေရာမှာ သွေးပေါင် ချိန်များဖို့ လိုပါတယ်။ အထက်သွေးနဲ့အောက်သွေးတွေက ပုံမှန်ထက် တက်ခြင်းကို Hypertension သွေးတိုးရောဂါလို့ ခေါ်တာပါ။
Aorta သွေးလွှတ်ကြောမကြီးဟာ ထီးရိုးတစ်ချောင်းလိုပဲ နှလုံးကနေ ထွက်လာပါတယ်။ သွေးကြောမရဲ့ အရင်းမှာတော့ Coronary Arteries နှလုံးသွေးကြောတွေ ဖြာတွက်ပြီး နှလုံးက သူ့ရဲ့ ဝေပုံကျသွေးတွေ ကို နှလုံးညှစ်ပြီးတိုင်း နားနေတဲ့အချိန် Diastolic Phase မှာ ယူပါတယ်။ ကိုယ်ခန္တာအပေါ်ပိုင်းကိုတော့ လက်မောင်းနဲ့လည်ပင်းကတစ်ဆင့် ဦးဏှောက်တွေကိုသွားတဲ့ ဘယ်ညာသွေးကြောတွေ ထပ်ပြီး ဖြာထွက် ပါတယ်။ အစာအိမ်၊ အသည်း၊ ကျောက်ကပ်၊ အူ စသည်ဖြင့် အင်္ဂါတွေကို သက်ဆိုင်ရာ သွေး လွှတ်ကြောတွေကတစ်ဆင့် သွေးဖြန့်ဖြူးပေးပါတယ်။ Abdominal Aorta သွေးကြောမကြီး ၀မ်းတွင်းထဲ ကနေဆုံးတဲ့အခါ ခြေထောက်တွေဆီကို ဘယ်ညာသွေးလွှတ်ကြောတွေ ထပ်မံခွဲထွက်ပါသေးတယ်။
သွေးလွှတ်ကြောတွေဟာ တကယ်တော့ အိမ်တစ်အိမ်က ရေပိုက်တွေလိုပါပဲ။ သုံးဖို့လိုတဲ့ နေရာတွေကို တိုက်ရိုက်ပို့ပေးရပါတယ်။ သွေးကြောတွေဟာ သစ်ပင်တစ်ပင်က အကိုင်းအခက်တွေ ဖြာထွက် သလိုပဲ သွေးကြောငယ်လေးတွေထပ်ခွဲသွားပြီး Capillaries သွေးကြောမျှင်တွေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ကလပ်စည်း Cells ဆဲလ်တွေကို သွေးပို့ပေးပါတယ်။ သွေးကြောမျှင်တွေကတစ်ဆင့် ရလာတဲ့ အာဟာရတွေ၊ အောက်ဆီဂျင်ဓာတ်တွေကို ဆဲလ်တွေကသုံးရတာပါ။ သုံးပြီးထွက်လာတဲ့ အညစ် အကြေးတွေကိုလည်း သွေးကြောမျှင်တွေကတစ်ဆင့် စွန့်ထုတ်ရတာ ဖြစ်ပါတယ်။
ကိုယ်လက်အင်္ဂါတွေကသုံးပြီးတဲ့ Venous Blood သွေးဟောင်းတွေ တွေကိုသယ်တဲ့ Veins သွေးပြန်ကြောတွေ ဟာ မိလ္လာပိုက်တွေလိုပါပဲ။ ကိုယ်ခန္တာအထက်ပိုင်းက သုံးပြီးသားသွေးဟောင်းတွေဟာ Superior Vena Cava အပေါ်ပိုင်း သွေးပြန်ကြောမက တစ်ဆင့်၊ အောက်ပိုင်းက သွေးဟောင်းတွေဟာ Inferior Vena Cava အောက်ဘက် သွေးပြန်ကြောမ ကတစ်ဆင့် နှလုံးရဲ့ Right Atrium ညာဘက်အပေါ်ခန်းကိုဝင်ပြီး နှလုံးကို ပြန်လည်ရောက်ရှိသွားပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရဲ့ Right Ventricle ညာဘက်အောက်သွေးလွှတ်ခန်း နောက်တော့ Right and Left Pulmonary Arteries ဘယ်ညာအဆုပ်သွေးလွှတ်ကြောတွေကတစ်ဆင့် အဆုပ်ကို ရောက်ရှိသွားပါတယ်။
အဆုပ်ထဲမှာ Capillaries သွေးကြောမျှင်လေးများအဖြစ်ထပ်မံ ဖြာထွက်သွားပြီး အဆုပ်ရဲ့ အသေးဆုံးအပိုင်းဖြစ်တဲ့ Alveoli လေမွှာခန်းများမှာ ကာဘွန်ဒိုင်အောက်ဆိုက် ပါတဲ့ သွေးဟောင်းတွေ ကို အောက်စီဂျင်ပါတဲ့ သွေးသစ်တွေအဖြစ် လဲလှယ်ပါတယ်။ ဖြစ်လာတဲ့ သွေးသစ်တွေဟာ Pulmonary Veins အဆုပ်သွေးပြန်ကြော ၄ ချောင်းကတစ်ဆင့် နှလုံးရဲ့  Left Atrium ဘယ်ဘက်အပေါ်ခန်း ကို ရောက်သွားပါတယ်။ အဲဒီကတစ်ဆင့် Mitral Valve အဆို့ရှင်တွေကိုဖြတ်ပြီး နှလုံးရဲ့  Left Ventricle ဘယ်ဘက်အောက်သွေးပို့ခန်းကိုရောက်ပါတယ်။ အဲဒီလိုနဲ့သွေးလှည်ပတ်တာ တစ်ပတ်ပြည့်သွားပါပြီ။
မြန်မာပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေ။
မြန်မာနှလုံးဖောင်ဒေးရှင်း
- (အရှေ့သို့) Celebrity Fashion - Myanmar Actor Nay Toe Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၁၀ မျိုး Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ