လဲနေသူ ထူပေးပါ



မေတ္တတရားဟာ အေးမြခြင်းကိုပေးပါတယ်။ မေတ္တာနဲ့ ဆင်တဲ့ အမြင်မှန်သမျှသည်၊ ပကတိအေးချမ်းနေ ပါတယ်။ သူတစ်ပါးကို ချစ်တယ်၊ ခင်တယ်၊ သနားတယ်၊ ကြင်နာတယ် ဆိုတာတွေဟာ မေတ္တာကိုပဲ အခြေခံပြီးမှ ဖြစ်လာတာပါ။

လဲနေသူကိုလည်း မေတ္တာလေးထားပြီး ထူပေးလိုက်ပါ။ လဲနေတဲ့အချိန်၊ နာကျင်မှုခံစားနေရတဲ့အချိန်တွေမှာ မိမိရဲ့မေတ္တာလက်ကလေးသာ လှမ်း ကမ်းပေးလိုက်ပါက ကိုယ့်ကြောင့် သူ့ မှာ အားတွေရှိလာမယ်၊ ပြုံး လာနိုင်မယ်။ ကိုယ့်ကြောင့် သူများပြုံးသွားရတဲ့အချိန်လေးဟာ ရင်ထဲမှာ အင်မတန်အေးချမ်းသွားပါတယ်။

အားငယ်သူကိုလည်း မေတ္တာလေးထားပြီး အားပေးလိုက်ပါ။ ဖေးမမှု လိုအပ်နေတဲ့အချိန် ကိုယ်က အနားမှာရှိပေးလိုက်ရင် သူတစ်ပါး အတွက် မဟာခွန်အားကြီးဖြစ်သွားစေပါတယ်။ ကိုယ့်ရဲ့ မေတ္တာ စိတ်လေးကြောင့် သူတစ်ပါးဘ၀ ပျော်ရွှင်လာမယ်၊ ကြည်နူးလာမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မ လဲ။ တွေးကြည့်ယုံနဲ့ တင် ပျော်ဖို့ ကောင်းပါတယ်။

ဒါကြောင့်မေတ္တာဆိုတာ ဘ၀ရဲ့အကောင်းဆုံး မြေသြဇာပါပဲ။ မေတ္တာ သံနှောတဲ့ စကားလေးတစ် ခွန်းကြောင့် နွမ်းနယ်နေတဲ့ဘ၀တွေ၊ သိမ်ငယ်နေတဲ့ဘ၀တွေ၊ ယိုင်နဲ့ နေတဲ့ဘ၀တွေဟာ ပြန်ပြီး ရှင်သန်လာစေပါတယ်။ မေတ္တာတရားနှင့်သာဆို အလိုရှိတိုင်း ပြီးမြောက် အောင်မြင်စေနိုင်၏။

True Man
ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...