ထိုင်းနိုင်ငံရှိ မြန်မာအပါအ၀င် တရားမ၀င် ရေလုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းအစိုးရ ဥပဒေရေးဆွဲ

ထိုင်းနိုင်ငံ ငါးဖမ်းသင်္ဘောပေါ်တွင် လုပ်ကိုင်နေသည့် မြန်မာရေလုပ်သားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်)
ထိုင်းနိုင်ငံရှိ မြန်မာအပါအ၀င် တရားမ၀င် ရေလုပ်သားများကို အထောက်အထား ထုတ်ပေးရန်အတွက် ထိုင်းအစိုးရက ဥပဒေရေးဆွဲနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား စောင့်ရှောက်မှုကော် မတီ အတွင်းရေးမှူး ဦးမိုးကြိုးက ပြောကြားသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ငါးဖမ်းစက်လှေများနှင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေ သည့် တရားမ၀င် မြန်မာအလုပ်သမားများကို အထောက်အထား ထုတ်ပေးနိုင်ရန်အတွက် ခြောက်လ တစ်ကြိမ် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိသည်။
“ရေလုပ်သားတွေကို အထောက်အထား ထုတ်ပေးဖို့ ထိုင်းအစိုးရဥပဒေ ရေးဆွဲနေတယ်။ မူကြမ်းကရှိနေပြီ။ အဓိက ထိုင်းအလုပ်သမား ၀န်ကြီးဌာနက လတ်မှတ်ရေးထိုးရမှာ” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး မြန်မာအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနှင့် ပူးတွဲလုပ်ကိုင်လျက်ရှိသည့် မြန်မာပြည် အလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရေလုပ်သားများအား အထောက်အထား ထုတ်ပေးရေးအတွက် ထိုင်းအစိုးရနှင့် သဘောတူညီမှုများ ရရှိထားပြီး တစ်နှစ် အတွင်း ရေလုပ်သားများကို အထောက်အထားများ ထုတ်ပေးရန် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ သည်ဟု သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်း ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် တရားမ၀င် မြန်မာအလုပ်သမား များကို အထောက်အထား ထုတ်ပေးပြီးပါက ယင်းတို့အနေဖြင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ အတင်းအဓမ္မ ခိုင်းစေခံရခြင်းတို့ကို ကြုံတွေ့ရတော့မည် မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ ဥပဒေများနှင့်အညီ အလုပ်သမား အခွင့်အရေးများ ရရှိမည်ဖြစ်သည်။
ထိုင်းနိုင်ငံသို့ ဦးတည်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများအနက် မြန်မာအလုပ်သမားများကို ငါးဖမ်း စက်လှေများတွင် ရောင်းစားကာ လုပ်အားခမရဘဲ အတင်းအဓမ္မခိုင်းစေခံရမှုက အများဆုံးဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး အလုပ်သမား ၀န်ကြီးဌာနမှ မြန်မာ အလုပ်သမား ၁ ဒသမ ၇ သန်းအား အထောက်အထားများ ထုတ်ပေးခဲ့ပြီး ဖြစ်သော်လည်း တရားမ၀င် မြန်မာအလုပ်သမား အများအပြားကို အထောက်အထား ထုတ်ပေးရန် ကျန်ရှိနေဆဲဖြစ်သည်။
Eleven Daily News
- (အရှေ့သို့) အဖေ့ကြောင့် သင်္ကြန်သီချင်း တစ်ပုဒ် သီဆိုနိုင်တဲ့ သန္တာဗိုလ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး
- (အနောကျသို့) နှစ်ပေါင်း ၃၀ ကာလအတွင်း ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေမှတ်သို့ ရောက်ရှိ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး