နံနက်လင်းအားကြီးအချိန် တံတားဖြူသွားမည့်သူများ သတိထား



ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ အင်းယားကန်ဘောင်အနီး ဧပြီလ(၂၄)ရက် နံနက် (၄)နာရီအချိန်တွင် လင်ခရူဆာကား အဖြူရောင်နှင့် ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးမှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း လှိုင်မြို့နယ် မြို့မ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ နံနက်(၄း၀၀)နာရီအချိန်ခန့်က လင်ခရူဆာကားဖြင့် အင်းယားကန်ဘောင်သို့လာစဉ် ကားပေါ် တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကျန်ခဲ့ပြီး လေးဦးမှာ အင်းယားကန်ဘောင်သို့ လမ်းလျှောက်သွား စဉ် အမည်မသိ အမျိုးသားငါးဦး ရောက်ရှိလာပြီး ဓားထောက်ကာ ကားမောင်း၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ် သည်။

ထိုသို့ လူယူထွက်ပြေးစဉ် ရွာသာကြီးအရောက် ကားပေါ်ပါ နှစ်ဦးအားချထားခဲ့ပြီး ၄င်းတို့၏ ရွှေဆွဲကြိုးနှစ် ကုံးနှင့် လက်စွပ် လေးကွင်း ချွတ်ယူ၍ ထွက်ပြေးသွားခဲ့ကြောင်း ကားပေါ်တွင် ပါသွားသူနှစ်ဦး၏ သူငယ် ချင်းမှ ပြောသည်။

“ကျွန်တော်တို့ လမ်းလျှောက်နေတဲ့ အချိန်မှာ ဖုန်းဝင်လာတယ်။ အဲဒီအချိန်ကျမှ အလုခံရတယ်ဆိုတာ ကျွန်တော်တို့လည်း သိတယ်။ သိသိခြင်းပဲ လှိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။” ဟု ၄င်းက ပြောသည်။

အဆိုပါ လုယက်မှုနှင့် ပတ်သက်၍ လှိုင်မြို့နယ်မြို့မရဲစခန်းမှ (ပ) ၂၃၅/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၉၅ ဖြင့် တရားခံ ဖမ်းဆီးရမိရေး အတွက် ဒု-ရဲမှူး ဇော်ဇော်ထွေးနှင့်အဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ကျရဲအရာရှိထံမှ သိရှိရသည်။

Myit Makha Media Group.

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...