ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက် (အန္တရာယ်များကြားမှ ဂျပန်ပြည်)



၁။ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ။

၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများ သည် ယိုင်းယိုင်သွားသော်လည်း ပြိုမကျ။

၎။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထား သည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်း နားလည်ပေးမှု့ရှိသည် ။

၆။ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား (ဝန်ထမ်း ၅၀) သည်နောက် ချန်နေခဲ့သည် (ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာ ခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း။

၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက် သည်။

၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာ ကျင့်သုံးကြသည် ။

၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိ သည်။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည်။

ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...