အိပ်ဖန်စောင့် သီးခြားခန့်အပ်ထားသည့် ဂျက်စတင်ဘီဘာ



ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော်လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်

ဂျက်စတင်ဘီဘာသည် ညအိပ်ချိန်တွင် ၎င်းအတွက် တသီးတခြား စောင့်ကြည့်ရမည့် အိပ်ဖန်စောင့်မျိုး ခန့်အပ်ထားကြောင်း သိရှိရသည်။ ကနေဒါ Popဂီတစတား ကြယ်ပွင့်သည် တစ်စထက်တစ်စ နာမည်ကျော် လာသည်နှင့်အမျှ အရာရာအပေါ် ယုံကြည်မှု လျော့နည်းလာနေကြောင်း မိတ်ဆွေများက ဆိုသည်။ အထူးသဖြင့် ပရိသတ်များက ၎င်းအိပ်ပျော်နေချိန်တွင် အိပ်ခန်းအတွင်း ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်သော စိတ်မျိုး ဂျက်စတင်တွင် စွဲကပ်လာကြောင်း ရင်းနှီးသူများက ပြောကြားခဲ့သည်။ ထို့ကြောင့် အသက်(၁၉)နှစ်ရှိ ဂျက်စတင်က ၎င်းအိပ်စက်ချိန်တွင် နိုးကြားစွာ စောင့်ကြပ်မည့် ဧရာမ လူထွားကြီးများကို သီးခြား ငှားရမ်းထားခြင်းဟု ဆိုသည်။

ဂျက်စတင်တွင် သက်တော်စောင့်များ ရှိနေသည့်အပြင် အပိုဆောင်း နှစ်ဦးက ၎င်းအိပ်စက်ချိန် တွင် နိုးနိုးကြားကြား အလှည့်ကျစောင့်မည့် တာဝန်ကို သီးခြားယူထားရကြောင်း သိရှိရသည်။ ဂျက်စတင်နှ င့် နီးစပ်သူ တစ်ဦးက "သူဟာ ပရိသတ်တွေ အခန်းထဲ ဖောက်ဝင်လာမှာမျိုးကို တော်တော်စိုး ရိမ်ပါတယ်။ ဂျက်စတင်က အရာရာကို ယုံမှားသံသယ များနေသလိုပါပဲ။ သူ့စိတ်ထဲမှာ ညဆိုရင် အသံ ဗလံတွေ ကြားနေသလိုလို ထင်မှားနေပါတယ်။ ဒါကြောင့် သူ့အခန်းထဲမှာ တစ်ယောက် အခန်းပြင်မှာ တစ်ယောက် လုံခြုံရေးတွေ ထပ်ချထားပါတယ်။ သူတို့က ဂျက်စတင် အိပ်နေချိန်မှာ တောက်လျှောက် စောင့် ကြပ်ပေးရ တာပါ" ဟု ပြောကြားသွားသည်။ ထိုသူကပင် ဆက်လက်၍ "အဲဒီလို အစောင့်တွေ အားလုံးဟာ တုတ်တုတ်ခိုင်ခိုင် ဧရာမကြီးတွေပါ။ အရပ်(၆)ပေ၊ (၅)လက်မလောက် အနည်းဆုံးမြင့်တယ်။ ကိုယ်အလေး ချိန် ပေါင်(၂၅၀) ဝန်းကျင်လောက် ရှိတယ်။ ဘီဘာက သူ့ကို ကာကွယ်ဖို့ ဘီလူးစစ်တပ်ကြီးတစ်ခု အစောင့် ချထားချင်တာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...