သင့်ကားဘရိတ်ကို ဂရုစိုက်ဖြစ်ရဲ့လား?
ဘရိတ်စနစ်ကို ထိန်းသိမ်းခြင်း
ပုံမှန်ထိန်းသိမ်းရသော အစိတ် အပိုင်းများထဲတွင် ဘရိတ်စနစ်သည် လည်း အရေးကြီးသည်။ ဘရိတ် မကောင်းပါက ယာဉ်တိုက်မှုဖြစ်မည်။ ဘရိတ်ဆီလျော့နည်းမှုရှိ မရှိ အမြဲစစ် ပါ။ ဘရိတ်ဝါရှာများပေါက်ပါက ဆီ ယိုတတ်သည်။ ဘရိတ်ရှူးလိုင်နာများ စား မစား၊ ရှူးခြမ်းဝေး မဝေး (၆) လတစ်ကြိမ်ခန့်စစ်ဆေးပါ။ ဆာဗို ဘူစတာသုံးပါက ဘူစတာမကောင်းလျှင်လည်း ဘရိတ်ကောင်းကောင်း မမိဖြစ်တတ်သည်။ ဆာဗိုကိုပြင် သုံး ခြင်းထက် အသစ်တစ်လုံးအစားထိုး လဲလှယ်ခြင်းက ပို၍စိတ်ချရသည်။ ဘရိတ်ဆီများ ကြာကြာသုံး လျှင် မဲညစ်လာတတ်သည်။ ဘရိတ် ဆီ အရည်အသွေးကျလာပါက ဘရိတ်ဆီအသစ် လဲပေးသင့်သည်။ ဘရိတ်ဆီကို ရေရော၍လုံးဝမသုံး သင့်။ (၆) လတစ်ကြိမ်ခန့် ဘီးဆုံများ၊ ရှူးခြမ်းများကို စစ်ဆေးပါ။
Ref : Auto World
Myanmar Forward