စာမေးပွဲဖြေဆိုမည့်ရက်မှာ အိပ်ရေးဝဖို့ လို

ကျောင်းသူကျောင်းသားများသာမက အပြင်စာမေးပွဲအမျိုးမျိုးများတွင် ဖြေဆိုကြမည့်သူများသည် များသော အားဖြင့် စာမေးပွဲဖြေဆိုမည့်နေ့မတိုင်ခင်၏ညတွင် ခါတိုင်းပုံမှန်ညများထက် စာကို ပိုမိုကျက်မှတ်လေ့ ရှိကြပြီး အချို့မှာ အိပ်ချိန်ရောက်သည့်တိုင် အိပ်ယာမ၀င်ပဲ စာကျက်မိကြသည့်အတွက် စာမေးပွဲခန်း ထဲရောက်မှ အိပ်ရေးမ၀သည့်အတွက် ဦးနှောက်မကြည်လင်ခြင်း၊ ငိုက်မြည်းခြင်းတို့ ဖြစ်လာသည့်အတွက် ညကကျက်ထားသည့် စာများလည်း ကောင်းစွာမမှတ်မိတော့ပဲ စာမေးပွဲကို ကောင်းစွာ မဖြေဆိုနိုင် သည့်သူများ အများအပြားရှိနေကြပါသည်။
လေ့လာစမ်းသပ်မှုများအရ လော့အိန်ဂျယ်လိစ်မြို့မှ အထက်တန်းကျောင်းသုံးခုမှ ကျောင်းသားများကို ခါတိုင်း အိပ်ချိန်ထက် နောက်ကျအောင် စာကြည့်ခိုင်းပြီး စာမေးပွဲဖြေဆိုခိုင်းကြည့်သည့်အခါများတွင် ခါတိုင်း စာမေးပွဲများထက် အမှတ်နည်းနေကြပြီး ညပိုင်းတွင်စောစောအိပ်ယာဝင်ခိုင်းကာ အိပ်ရေးဝသည့် အခါ ဖြေဆိုခိုင်းသည့် စာမေးပွဲရက်များတွင် အံ့သြစွာ အမှတ်များနေကြကြောင်း တွေ့ရှိရပေသည်။
ထို့ အတူ စာသင်ခန်းများမှ စမ်းသပ်မှုအရတွင်လည်း အိပ်ရေးပျက်သည့်ရက်များတွင်သင်ကြားသည့် သင်ခန်းစာများကို ကျောင်းသားများတတ်မြောက်နားလည်မှု လျှော့နည်းနေကြောင်း ကိုလည်း တွေ့ရှိထား သည်။
ထို့ ကြောင့် စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲမတိုင်ခင်ညတွင် စောစောအိပ်ယာဝင်ကာ အိပ်ရေးဝအောင် အိပ်ပေးထားမှသာ စာမေးခန်းထဲရောက်လျှင် စိတ်ကြည်ကြည်လင်လင်ဖြင့် စာမေးပွဲ ကို ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Ref: LA Education Tips.
စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Credit to ကျန်းမာရေးသတင်းများ
- (အရှေ့သို့) Jailbreak လုပ္ထားတဲ့ iOS devices တွေအတွက် Malware အထူးသတိပေးချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး
- (အနောကျသို့) စပျစ်သီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး