နိုင်နိုင်းဆီက အကယ်ဒမီစကားကြားရပြီ
အနုပညာသက်တမ်းရင့်လာသည်နှင့်အမျှ ဇာတ်လမ်းရွေးချယ်မူကို ပိုမိုဂရုစိုက်၍ ဇတ်ကားများ ရိုက်ကူးလာ သည့် သရုပ်ဆောင် နိုင်နိုင်းမှ အကယ်ဒမီမရသေးသည့်အတွက် ပရိသတ်အပေါ်မှာ တာဝန်မကြေဟု ပြော ဆိုလိုက်သည်။
''ပရိသတ်ကိုပြောချင်တာက ကျွန်တော်လုပ်ခဲ့တဲ့ အနုပညာသက်တမ်းက အရမ်းကြာနေပါပြီ။ တစ်ခုပဲ ပရိတ်သတ် အပေါ်တာဝန်မကြေသးဘူး။ တစ်နေနေ့ တစ်ချိန်ချိန်မှာ အကယ်ဒမီရလိမ့်မယ် လို့ မျှော်လင့်ပါတယ်၊ ရအောင် ယူပါမယ်''ဟု ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် နိုင်နိုင်းက ပြောသည်။
ယခုအချိန်တွင်သရုပ်ဆောင်တစ်ယောက်ဖြစ်နေသော်လည်း ဒါရိုက်တာအလုပ်ကိုလည်း ၀ါသနာ ပါကြောင်းနှင့် ဇာတ်လမ်းများကို ဂရုတစိုက်ရွေးချယ် လက်ခံရိုက်ကူးနေကြောင်း နိုင်နိုင်းက ပြောသည်။
''ကျွန်တော်ရှေ့က ရှိက်ခဲ့တဲ့ကားတွေနဲ့ ရိုက်ခဲ့တဲ့နေရာတွေ တော်တော်များများလည်း အကုန်ထပ်နေပြီ၊ ကြည့်လိုက် တာနဲ့ ဒါကဘယ်နေရာဆိုတာ အကုန်သိနေတယ်၊ ဒီဇာတ်လမ်းစလာပြီဆိုတာနဲ့ရုပ်ရှင်ကြည့် ပရိသတ်တွေကလည်း ခန့်မှန်းမိနေပြီဆိုတော့ ပရိသတ်အတွက်အသစ် မဟုတ်ဘဲ ဒါတွေပဲထပ် ရိုက်ထပ်ရိုက် ဆိုတော့ ကျွန်တော်အတွက် လည်း မကောင်းဘူး။ပရိသတ်အတွက်လည်းမကောင်းဘူး'' ဟု သရုပ်ဆောင် နိုင်နိုင်းကပြောသည်။
ထို့ကြောင့် ပညာပေးနှင့်ပညာပေးဇာတ်ကား မဟုတ်ပါက ဖျော်ဖြေရေးပိုင်းနှင့်ပရိသတ်မြင်တွေ့နေကျ မဟုတ်သည့် ဇာတ်လမ်းများကိုရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် ယခင်ဇတ်ရုပ်များနှင့်မတူပဲ ကွဲပြားအောင် ဖန်တီးရန် မလွယ် သေးကြောင်း၊ ပညာပေး၊ဖျော်ဖြေရေးအပိုင်းလေးနှင့် ထိန်းသိမ်းရမည်ဖြစ်သလို ဗုဒ္စဘာသာယဉ်ကျေးမှုနှင့်လည်း အရမ်းကွဲထွက်၍ ရိုက်ကူး၍ မရသေးကြောင်း ၄င်းကဆိုသည်။
“ ဗမာကားတွေက ဇတ်လမ်းတွေ ကွဲကွဲပြားပြားကို မဖြစ်သေးဘူး၊ ဗမာကားကြည့်ရင် (၁၀)နှစ်အောက် မီးကအစ ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ သိနေတယ်၊ သရုပ်ဆောင်တွေအနေနဲ့ ဇာတ်ရုပ်ရွေး ရိုက်တာ ကောင်းပါတယ်” ဟု ကမာရွတ်မြို့နယ်နေ မသစ်သစ်မင်းက ပြောသည်။
မြစ်မခမီဒီယာ