ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် နည်းလမ်းကောင်းများ


သဗ္ဗေသတ္တာ ကမ္မဿကာ – ကိုယ်လုပ်မှ ကိုယ်ရမယ်

၁) အနာရောဂါ ကင်းစင်လိုသူများ
သတ္တ၀ါများအား ညှဉ်းပန်း နှိပ်စက်ခြင်းမှ ရှောင်ရှားပါ။ လက်ရှိဘ၀တွင် အနာရောဂါ ထူပြောသူ များ ဆေးလှူဒါန်းခြင်း၊ ဘုရားရင်ပြင်တော်တွင် တံမြက်စည်းလှည်းပေးခြင်း ၊ ငါးသတ္တ၀ါများအား အစာကျွေးခြင်း ပြုလုပ်ပါ။

၂) အသက်ရှည်လိုသူများ
သူတစ်ပါး အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ။ အသက်ရှည်စေရန်အတွက် သစ်ပင်စိုက်ခြင်း၊ တံတား ခင်းခြင်း ၊ ဆေးပစ္စည်းလှုဒါန်ခြင်း၊ လူမမာများအား နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ဖြင့်သော် လည်းကောင်း ပြုစုစောင့်ရှောက်ခြင်း၊ ဆေးပဒေသာပင်စိုက်ထူခြင်း။ အများသုံးရေကန်မှ အညစ်အကြေး များ ဆယ်ယူခြင်း စသည့် အမှုကိစ္စများ ပြုလုပ်ပေးပါ။ ရေစစ်အလှူ ၊ ဆေးအလှူ ၊ ကျောင်းအလှူ ၊ စေတီ ပုထိုးကျောင်းကန် အဟောင်းများအား ပြုပြင်ခြင်း နှင့် ငါးပါးသီလ ၊ ရှစ်ပါးသီလ စောင့်ထိန်းခြင်း အမှုကိစ္စ များကိုလည်း ပြုလုပ်ပေးပါ။

၃) ရုပ်ရည် ချောမောလှပလိုသူများ
တစ်ဖက်သား အပေါ်တွင် စိတ်ရှည် သည်းခံ ပေးပါ။ မေတ္တာထားပါ။ သြဒိဿမေတ္တာ ပို့သပေးပါ။ မေတ္တာ ကမ္မဋ္ဌာန်း ပွားများပါ။

၎) အမျိုးမြင့်မြတ်လိုသူများ
မိမိကိုယ်ကိုယ် နှိမ်ချပြောဆို ဆက်ဆံပါ။ မာနကြီးစွာ ပြောဆို ဆက်ဆံခြင်း ၊ မောက်မာစွာ ပြော ဆိုခြင်း ရှောင်ရှားပါ။

၅) ချမ်းသာလိုသူများ
နည်းသည်များသည် ပဓာန မထားဘဲ အလှူဒါန ပြုလုပ်ပေးပါ။ ယခုဘ၀တွင် လက္ခဏာ ရှားပါးသူများ တစ်ပါးသူများ၏ အလှူအား နတ်လမ်းညွှန် ပြုလုပ်ပေးခြင်း၊ ဆော်သြပေးခြင်း ပြုပေးပါ။

၆) အပေါင်းအသင်း ၊ အခြွေအရံ များပြားလိုသူများ
တစ်ပါးသူအပေါ်တွင် မနာလိုစိတ် ၊ ၀န်တိုစိတ်များ ကင်းရှင်းအောင် ထားပါ။ တစ်ပါးသူ အောင်မြင်မှုအ တွက် ၀မ်းမြောက်စွာ ချီးမွမ်းပေးပါ။

၇) ဥာဏ်ပညာ ကြီးမားလိုသူများ
အတတ်ပညာများကို ဆည်းပူးလေ့လာပါ။ ဘ၀အတွက် ၊ အိုးအိမ်တည်ထောင်မှုအတွက် လုံလောက်သော အသိဥာဏ်ဗဟုသုတ ရှာမှီးပါ။

၈) လွတ်လပ်ပြီး တရားမျှတလိုသူများ
ပြည်သူလူထုမှ တရားမျှတစွာ ဆန္ဒပြု ရွေးချယ်တင်မြှောက်ထားပြီး ဥပဒေနှင့်အညီ ကျင့်သုံးအုပ်ချုပ်သော စနစ်အား အကောင်အထည်ဖော်မည့် အစိုးရကို ဖော်ထုတ်ပါ။ အဂတိတရား မလိုက်စားခြင်း၊ equal opportunity အား လျစ်လျူမရှုခြင်း ၊ human
right များအား ဖော်ဆောင်ခြင်း ပြုလုပ်ပေးပါ။

From Forward Mail | Sharing is Caring
KZB WORLD | အပြုံးပန်းဈေးခင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...