Facebook နှင့်လက်တွဲထားသော WhatsApp ကိုအသုံးပြုတဲ့သူတွေ ပိုမိုများပြားလာ

အခမဲ့မိုဘိုလ်းဖုန်း Messaging Service စနစ်တစ်ခုဖြစ်သည့် WhatsApp ကိုနေစဉ်အသုံးပြုတဲ့ ကမ္ဘာ တစ်ဝန်းက Users တွေ ဟာယခုအခါ သန်း ၅၀၀ အထိရှိလာပြီးဖြစ်ကြောင်း ၎င်းကုမ္ပဏီနှင့် လက်တွဲ ပူးပေါင်း လုပ်ကိုင်နေသော Facebook ကပြောဆိုလိုက်သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလစစ်တမ်းအရဆိုလျှင်ယင်းစနစ်ဟာ ဘရားဇီး ၊ အိန္ဒိယ ၊ မက်ဆီကို ၊ ရုရှားစတဲ့နိုင်ငံ အထိတိုးတက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သည်ဟုသိရ သည်။
ဒါ့အပြင်အသုံးပြုသူတွေဟာ ၇၀၀ ထက်ပိုသောဓာတ်ပုံတွေနှင့် ရုပ်ရှင်ဖိုင်ပေါင်း ၁၀၀ ကျော်ကိုနေ့စဉ် Sharing ပြုလုပ်လျက်ရှိနေကြောင်း WhatsApp က၎င်း၏ Blog တွင်ဖော်ပြထားသည်။
WhatsApp ဟာ Facebook ကိုစတင်တည်ထောင်သူမက်ဆူကာပတ် ကပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ၁၉ဘီလီယံအကုန်အကျခံကာဝယ်ယူ ခဲ့ ခြင်းဖြစ်ပြီး WhatsApp ၏တိုးတက်လာတဲ့အသုံးပြုသူအများစုဟာ ၁.၂ဘီလီယံအသုံးပြုသူတွေရှိတဲ့ Facebook ကတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မတ်ဆူကာပတ်က Facebook ဟာ WhatsApp နှင့်လက်တွဲလိုက်လျှင် ယခုထက်ပိုမိုကောင်းမွန်တဲ့ စနစ်တွေကို Users တွေထံချပြပေးနိုင်လိမ့်မည် ဟု ပြီးခဲ့သည့် Mobile World Congress(MWC) တွင်ပြောဆိုခဲ့ဖူးသည်။
ဒါ့အပြင်ကမ္ဘာပေါ်မှာရှိတဲ့ Social Website တွေဟာသန်းချီသောလူတွေ ထံရောက်ရှိမှုက နည်းနေသေးပေ မဲ့ ယင်းထဲမှာတော့ Facebook ဟာအသုံးပြုသူအများဆုံနှင့်ထိပ်ဆုံးမှာရပ်တည်လျက်ရှိသည်ဟု မတ်ဆူကာပတ်က ထက်မံဖြည့်စွက်ပြောဆိုခဲ့သည်။
Ref : Dwan
Wai Phyo Aung (TSJ Team)
