Fingerprint နှင့် Eye-Scanning စနစ်များပါဝင်သည့် Drone များကို UAE တွင် ပစ္စည်းများသယ်ဆောင်ပို့ဆောင်ရန် အသုံးချသွားမည်



ကမ္ဘာ့ဝန်ဆောင်မှုအကောင်းဆုံးနှင့် နာမည်ကျော် Online Store ဖြစ်သည့် Amazon က မှာယူထားသော ပစ္စည်းများကို အလျှင်မြန်ဆုံး ပို့ဆောင်ပေးနိုင်ရန် Drone များကို အနာဂါတ်ကာလတွင် အသုံးပြုသွားမည်ဟု ဖွင့်ဟခဲ့ဖူးသည်။ ထိုအချက်ကို UAE အစိုးရမှ Fingerprint နှင့် Eye-Scanning စနစ်များပါဝင်သည့် Drone သစ်တစ်မျိုး တီထွင်ဖန်တီးလိုက်ခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်လိုက်သည်။

အဆိုပါ Drone ဖြင့် ကားမောင်းလိုင်စင်၊ မှတ်ပုံတင်ကဒ် စသည်တို့ ကဲ့သို့သော တစ်ဦးတစ်ယောက် တည်းနှင့် သက်ဆိုင်သည့် ကိုယ်ရေး ကိုယ်တာ ပစ္စည်းများ၊ စာရွက်စာတမ်းများပေးပို့ရာတွင် အသုံးချနိုင် သည်ဟု ဆိုသည်။ သယ်ယူပို့ဆောင်ရာတွင် ပစ္စည်းလုံခြုံစိတ်ချမှု ရှိစေရန် လက်ဗွေရာလုံခြုံရေးစနစ်နှင့် Eye-Scanning လုံခြုံရေးစနစ်များ ထည့်သွင်းထားသည့်အတွက်ကြောင့် ပိုင်ရှင်ထံ မှန်မှန်ကန်ကန် အရောက် ပို့ပေးနိုင်မည်ဖြစ်သည်။

“UAE အစိုးရက အစိုးရနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေအတွက် အခုတီထွင် လိုက်တဲ့ Drone တွေကို အသုံးချသွားပါလိမ့်မယ်။ ဒါက ကမ္ဘာပေါ်မှာ ပထမဆုံးအစီအစဉ်သစ် ဖြစ်ပါလိမ့်မယ်” ဟု UAE အစိုးရ ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားသွားကြောင်း Reuter သတင်းဌာန၏ သတင်းထုတ်ပြန်မှု အရသိရသည်။

အဆိုပါ Drone များသည် ၁ ပေခွဲခန့်သာ အရွယ်အစားရှိမည်ဖြစ်ပြီး ဘတ်ထရီကို တပ်ဆင်ထားမည်ဖြစ် သည်။ Drone တွင် အဖြူရောင်ကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး UAE အမှတ်တံဆိပ် ရိုက်နှိပ်ထားမည်ဟု ဆိုသည်။ အဆိုပါ Drone များကို ပြီးခဲ့သည့် ခြောက်လခန့်က ဒူဘိုင်းတွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး လာမည့်နှစ်တွင် အမြောက်အမြား ထုတ်လုပ်သွား မည်ဟုဆိုသည်။

ယခုကဲ့သို့ Drone များတွင် အဆင့်မြင့်နည်းပညာများကိုထည့်သွင်းပေါင်းစပ် ထားသော်လည်း အပူမုန် တိုင်းများ၊ သဲမုန်တိုင်းများကဲ့သို့သော ဆိုးရွားသည့် ရာသီဥတုများတွင် ကြံ့ကြံ့ခံနိုင်ဖို့အတွက်ကိုတော့ တီထွင်ဖန်တီးရဦး မည်ဖြစ် သည်။

Ref : Mashable
---------------------------
May Thazin (TSJ Team)
TechSpace Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...