Huawei ရဲ့ လူသုံးများသော စီဒီအမ်အေဖုန်း C8816 ဖြင့် GSM ဆင်းမ်ကတ်များ
CDMA ဆင်းမ်ကတ်များအတွက် အသုံးပြုကြသော Huawei C8816 စမတ်ဖုန်းဖြင့် GSM ဆင်းမ်ကတ် များကိုပါ ထည့်သွင်းသုံးစွဲနိုင်ကြောင်း Huawei Myanmar မှ တာဝန်ရှိသူတစ်ဦးမှ Tech Space သို့ပြောကြားခဲ့သည်။
အဆိုပါ C8816 စမတ်ဖုန်းသည် GSM ဆင်းမ်ကတ်များ ထည့်သွင်းစမ်းသပ်သုံးစွဲရာတွင် ဖုန်းခေါ်ဆိုမှု နှင့် SMS စာတိုပို့မှုများပြုလုပ်နိုင်ပေမယ့် အင်တာနက်လိုင်းသုံးစွဲရာတွင်မူ 2G ကိုသာ ထောက်ပံ့ပေးနိုင်ကြောင်း Huawei Myanmar မှ စမ်းသပ်ချက်များအရ သိရှိရသည်။
အဆိုပါ C8816 စမတ်ဖုန်းသည် မျက်နှာပြင် အရွယ်အစား ၅ လက်မရှိပြီး ဈေးကွက်ထဲမှာ တစ်သိန်းခွဲ ဝန်းကျင် ရောင်းချလျှက်ရှိကာ ရွေးချယ်စရာစမတ်ဖုန်း ရှားပါးသော CDMA သမားများ သုံးစွဲကြသည်။ ယခုအခါတွင်မူ GSM ဆင်းမ်ကတ် ပိုင်ဆိုင်သူများအနေဖြင့် C8816 ကို သုံးစွဲနိုင်တော့မည်ဖြစ်သည်။
Nyein Chan (TSJ Tech Team)
TechSpace Journal