Japan Company က 4K Display ကို ပြသ



တီဗီ ဈေးကွက် တွင် 4K UHD TV များပေါ်ထွက်နေပြီဖြစ်သော်လည်း တက်ဘလက် ဈေးကွက် တွင်မူ Full HD နှင့် သူ့ထက် အနည်းငယ် Resolution မြင့်မားသည့် တက်ဘလက်များသာ ပေါ်ထွက်နေပါသည်။ Toshiba က မကြာမီ က ၁၅.၆ လက်မအရွယ် 4K Laptop ကို ကြေညာခဲ့ပါသည်။ Apple နှင့် Samsung တို့ကဲ့သို့ တက်ဘလက်ဈေးကွက် တွင် အောင်မြင်နေသည့် ထုတ်လုပ်သူများ က 4K Tablet များ ထုတ် လုပ်နိုင်ခြင်း မရှိသေး ဟု သိရပါသည်။

ယခုအခါ ဂျပန် အခြေစိုက် Display ထုတ်လုပ်သည့် JDI Company က ၁၀.၁ လက်မအရွယ် IPS LCD Display ကို ပြသလိုက်ပြီး 3840x2160 Ultra HD Resolution ရှိပါသည်။ တက်ဘလက်များ အတွက် အထူးရည်ရွယ်ပြုလုပ်ထားပါသည်။ နမူနာ Display များကို ထုတ်လုပ်သူများ ဆီသို့ စတင်ပို့ဆောင်ပေးနေ ပြီ ဖြစ်သည်။ ထို့အတွက် မကြာမီ အချိန်တွင် 4K Tablet များ ထွက်ပေါ်လာဖွယ်ရှိနေပါသည်။

အဆိုပါ Display ၏ တစ်လက်မလျှင် Pixel သိပ်သည်းဆ မှာ (၄၃၈) ဖြစ်ပါသည်။ Apple iPad Air ၏ RETINA DISPLAY မှာ တစ်လက်မလျှင် PIXEL သိပ်သည်းဆ (၂၆၄) သာရှိပါသည်။ JDI ၏ 4K DISPLAY ကို မည်သည့် ထုတ်လုပ်သူများ က အသုံးပြုမည် ဆိုသည် ကို မသိရသေးပါ။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...