လမစေ့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့တဲ့ Lindsay Lohan


Jack the Ripper on 2014-04-22 12:49

မင်းသမီး Lindsay Lohan ဟာသူမရဲ့ reality TV စီးရီးတွေရိုက်ကူးနေစဉ်ကာလတုန်းက လမစေ့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

Lindsay ဟာ Oprah Winfrey ရဲ့ OWN Network မှာပြသတဲ့ အတွဲရှစ်တွဲပါ မှတ်တမ်းစီးရီးမှာ ပါဝင်ခဲ့တာဖြစ်ပြီး အဲဒီ့စီးရီးဟာ တနင်္ဂနွေနေ့မှာပြီးဆုံးခဲ့တာဖြစ်ပါတယ်။

“ဘယ်သူမှမသိခဲ့ပါဘူး။ ကျွန်မ ပျက်ကွက်ခဲ့တဲ့နှစ်ပတ်အတွင်း ကျွန်မလမစေ့ကိုယ်ဝန်ပျက်ကျခဲ့တယ်” လို့အဲဒီ့ရိုက်ကူးရေးကနေ နှစ်ပတ်ကြာပျောက်ကွယ်ရတဲ့အကြောင်းကို Lindsay က မျက်ရည်လည်ရွှဲနဲ့ ပြောပါတယ်။

‘သူမ (ရိုက်ကူးရေး) ကိုမလာချင်ဘူးလို့ပြောခဲ့တာ အဲဒါကြောင့်ပါ။ ကျွန်မမသွားနိုင်ဘူး။ နေလို့ မကောင်းခဲ့ ဘူး။ စိတ်ပိုင်းဆိုင်ရာအရ ဒါရှင့်ကို နာကျင်စေတဲ့အရာပါ’ လို့ပြောပါတယ်။

ကလေးရဲ့အဖေဘယ်သူဖြစ်တယ်ဆိုတာကိုတော့ ပြောဖို့ငြင်းဆန်သွားပါတယ်။ ပြောရရင် ဇာတ်လမ်း အရှည်ကြီးပဲ လို့ပြောပြီး ငြင်းသွားပါတယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...