Outdoor Portrait ရိုက်ကူးရေးအတွက် ပြင်ဆင်ရန်များ

ရိုက်ကူရေး မထွက်မှီ

ရိုက်ကူး ရေး မထွက်မှီ အောက်ပါ ပစ္စည်းများ ပါမပါ စစ်ဆေးပါ။ တစ်ခါတစ်ရံ ပစ္စည်းများ ကျန်ရစ်ခဲ့လျှင် အခက်အခဲ တွေ့ နိုင်သည်။

Large memory card
Spare batteries for the camera AND flash
Grey card
Tripod
Flash diffuser
Suitable clothes – as silly as it sounds, if your uncomfortable then this will effect your work!
Set your Camera to shoot in RAW
Pack a 70mm+ lens
Check List ထားကာ အမြဲ စစ်ဆေးပါ။

Preparation is key!

ရိုက်ကူးမည့် နေရာ Location ကို ရိုက်ကူးမည့် နေ့ မတိုင်မှီ တစ်ရက် ကြိုတင် စစ်ဆေးပါ။ အကောင်းဆုံး ခွင် Spot ကို ရွေးထားပါ။ ဤ ကဲ့သို့ ရွေးချယ် ရာတွင် အောက်ပါ အချက်များကို ထည်းသွင်း စဉ်းစားပါ။

The position of the sun throughout the day
Man made objects, such as power lines, signs etc
Quiet spots
Natural light reflectors such as white buildings etc
Repeating lines to ‘frame’ the photo.
Objects that you can use during the shoot such as benches, fallen tress etc

Techniques and Settings

Outdoor Portrait ရိုက်ကူးရာတွင် ‘Sunny 16 Rule’ နှင့် ‘Rule Of Thirds’ ဥပဒေသ နှစ်ခု ကို အမြဲ မှတ်ထားရန် လိုသည်။

Sunny 16 Rule

The Sunny 16 rule ဆိုသည်မှာ Light Meter မရှိသည့် အချိန်တွင် Day Light Exposures ကို အတိအကျ ခန့်မှန်းသည် နည်းဖြစ်သည်။ အဆိုပါ နည်းသည် ခက်ခဲသော Subject များ၏ Exposure ကိုပင် တိကျစွာ ခန့် မှန်းနိုင်သည်။ တွက်ချက်သည် မှာ ကင်မရာ အများစု ၏ Light meter များ တွက်ချက်သည့် reflected light ကို ခြေမခံဘဲ incident light ကိုအခြေခံ တွက်ချက်ခြင်း ဖြစ်သည်။

အခြေခံ အားဖြင့် နေသာသည့်နေ့ တစ်နေ့ တွင် Sub ject ကို နေရောင် အောက် တွင် ထားကာ Aperture- f -16 ထား၍ ၄င်း နှင့် လိုက်လျှော ညီထွေ ဖြစ် သည် Shutter speed နှင့် ISO တို့ ကို setting လုပ်ခြင်း ဖြစ်သည်။

အောက်ပါ ဇယားသည် Aperture 16 ပေါ် အခြေခံ ၍ တွဲ ထားသော Shutter speed နှင့် ISO အတွဲ များ ဖြစ်သည်။ Camera Setting on Sunny Day

Aperture
Shutter Speed
ISO
-
f-16
1/100s or 1/125s
100
-
f-16
1/200s or 1/250s
200
-
f-16
1/400s or 1/500s
400

Source- Wikipedia

The relations of Aperture ,Lighting Conditions and Shadow-

Aperture
Lighting Conditions
Shadow Detail

f/22
Snow/Sand……………………..
Dark with sharp edges

f/16
Sunny…………………………..
Distinct

f/11
Slight Overcast……………….
Soft around edges

f/8
Overcast………………………..
Barely visible

f/5.6
Heavy Overcast………………
No shadows

f/4
Open Shade/Sunset…………..
No shadows

Backlighting
Add One Stop…………………..
n/a

From Wikipedia

Rule Of Thirds

လူသိအများဆုံ နှင့် အထိရောက်ဆုံးသော Composition ဖြစ်သည်။ ပုံ တစ်ပုံကို အလျှားလိုက် နှင့် ထောင် လိုက် မျဉ်း နှစ်ကြောင်းစီ ဖြင့် အညီ အမျှ ပိုင်း လိုက်၍ ပေါ်လာသည့် ဖြတ်သန်း ဆုံမှတ် (၄) နေရာ မှာ COI - Center of Interest Points ဖြစ်သည်။ ထို ဆုံ ရပ်နေရာ များပေါ်တွင် Subject ကို ထားခြင်း ဖြစ်သည်။ ဤ နည်း သည့် အရိုးရှင်းဆုံး နှင့် အထိရောက်ဆုံး နည်း ဖြစ်သည်။ တစ်ခါ တစ်ရံ Rule of Thirds ကို ချိုးဖေါက် သည်များလည်းရှိသည်။ ဥပမာ အားဖြင့် Subject သည် ပုံ ၏ အလယ်တွင် ရှိနေ စေ ကာမူ ပုံ၏ Coposition ကို အားဖြည့်ပေးသည့် အနေအထားမျိုး ရှိသည့် ပုံ မျိုးတွင် Rule of Thirds ကိုချိုးဖေါက် ကာ သည်အတိုင်း ထားသည်လည်း ရှိသည်။

Technique

ပထမ ဦးစွာ ကင်မရာကို ‘Continuous shooting’ mode တွင်ထားပါ။ ဤသို့ဖြင့် တစ်ပုံ စီ လီ ၍ ရိုက်ရ သောကြောင့် ကုန်သည့် အချိန် သက်သာ သည်။ ထို့ ကြောင့် large format memory card ထည့်ထားရန် လိုသည်။

Auto White Balance ကို မသုံးဘဲ Manual White Balance setting ဖြင့် ရိုက်ပါ။ အခြေအနေပေါ် မူတည်၍ ထားရမည့် White Balance ကို အောက်ပါ ဇယားတွင် ပြထားသည်။

Temperature………..Typical Sources
1000K…………………Candlelight
2400K…………………Early morning sunrise
3200K…………………Tungsten light bulbs
4000K…………………Fluorescent
5200K…………………Typical daylight; electronic flash
6000K…………………Cloudy Day
7000K…………………Shade
Source - DPhotoJournal);

Subject ကို Background မှ ကွဲထွက်ကာ ထင်းနေခြင်းသည် Portrait ပုံကေင်း တို့၏ အဓိက အချက် ဖြစ်သည်။ shallow depth of field (high F-Stop) သည် ဤ အချက်ကို ဖေါ် ဆောင် နိုင်သည်။ ဤ နည်းဖြင့် Subject သည် ပြတ်သားကာ နောက်ခံ ၀ါး ပြီး Bokeh Effect ရနေပေလိမ့် မည်။ Auto Focus ကို အားမကိုးဘဲ Manual Focus ကို သုံးနိုင်လျှင် ပို ၍တိကျပြတ်သားမည်။ portrait ရိုက်ရာတွင် Focusing on the eyes သည် Subject ၏ Emotion ကိုဖေါ် ဆောင်ပေးသဖြင့် ပုံ ကို ပို၍ အားဖြည့် ရာ ရောက်သည်။ Subject တွင် passion and expression ရှိ နေခြင်းဖြင့် ပုံစံ အမျိုးမျိုးသော Moods များ ဖေါ် ဆောင် နိုင်မည်။ ခလေး ငယ်များကို ရယ် အောင် လုပ်ခြင်း သည် လွယ် သော်လည်း လူကြိးများ အား ရယ် အောင်လုပ်၍မလွယ်။ ရယ်ခိုင်း လျှင် ဟန်ဆောင် ရယ် ခြင်းသာရနိုင်မည်. သဘာဝအလျှောက် ရယ်ခြင်းကသာ အကောင်းဆုံး Mood ဖြစ်သည်။

Direct Sun Light ကို ရှောင်ပါ။ ပုံ တွင် အရောင် အထွက် မကောင်းသကဲ့သို့ Lens flare လည်း ၀င်တတ်သည်။ အရိပ် အောက်နေရာမျိုး နှင့် နေ ကို ကြောပေး ရိုက်ရသည့် နေရာများကို ရွေးချယ်ပါ။ တိမ် ဖုံးလာလျှင် ပို၍ ကောင်းသည်။ over exposed. အတွက် စိုးရိမ်ရန် မလို တော့ပါ။ နံနက် စောစော နှင့် ညနေခင်း တို့ သည် Subject ၏ Skin Tone ချောမွေ့စွာ ပေါ် လာ စေသည့် အပြင် လှပ သည့် အရိပ် များလည်း ရနိုင် သည့် အချိန် များ ဖြစ်သည်။

To Flash Or Not To Flash
Flash လိုသလား မလို သလား ဆိုသည် နှင့်ပတ်သက်၍ အချို့ က သဘာဝ အလင်းရောင် နှင့်ပင် ရိုက်ကြ ပြီး အချို့ ကမူ Fill-in Flash ကို အစဉ်သုံးလေ့ ရှိကြသည်။ မိမိ အနေနှင့်မူ အခြေအနေပေါ် လိုက်၍ သုံးသင့် သည်ဟု ဆိုခြင်သည်။ နေရောင် လုံလောက်စွာ ရသည့် ညနေခင်းလို အချိန်မျိုးတွင် Flash မလိုသေည်လည်း အင်္ဂလန် ကဲ့သို့ အစဉ် အုံ့ ဆိုင်နေသည့် အရပ် တွင် မူ Flash မလွဲ မသွေ လိုပေမည်။

PDF file ကို ဒီနေရာမှာ ရယူပါ..

Credits: ဆရာဦးစိုးလှိုင် (Country Road)
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...