Pleural Effusions အဆုပ်ဖုံးအိတ်ထဲ အရည်အောင်းနေခြင်း


ဦးဝင်းတင် ကနေ့ အဆုပ်ထဲမှာ အရည်အောင်းနေလို့ ၁ဝဝ စီစီလောက် စုပ်ထုတ်ရသတဲ့။

လူတိုင်းရဲ့ ဘယ်နဲ့ညာ အဆုပ်နှစ်ခုလုံးကို ဖုံးပေးထားတဲ့ အဖုံးက အိတ်လိုရှိတယ်။ အင်္ကျီအိတ်ကပ် လိုနေတယ်။ အိပ်ကပ်ထဲမှာ အရည်ပါးပါလေးရှိနေတာက ပုံမှန်ဖြစ်တယ်။ အဲာတာက ရှိသင့်တာထက် များနေရင် အဆုပ်ဖုံးအိတ်ထဲ အရည်အောင်းနေခြင်းရောဂါလို့ ခေါ်ပါ တယ်။ ဖြစ်စေတတ် တဲ့ အောက်ခံရောဂါ တခုခုကြောင့်ဖြစ်လာတာပါ။

အကြောင်းခံကလဲ အမျိုးမျိုးရှိပါတယ်။ တချို့ မဆိုးလှပါ။ တချို့က အသက်အန္တရာယ်အထိစိုးရိမ်ရတယ်။
• Congestive heart failure နှလုံး အလုပ်မနိုင်တော့ခြင်း၊
• Pneumonia နူမိုးနီးယား၊
• Liver cirrhosis အသဲခြောက်ခြင်း၊
• End-stage renal disease ကျောက်ကပ် ရောဂါ နောက်ဆုံးအဆင့်၊
• Nephrotic syndrome ကျောက်ကပ်ရောဂါတမျိုး၊
• Cancer ကင်ဆာ၊
• Pulmonary embolism အဆုပ်သွားသွေးကြောပိတ်ခြင်း၊
• Lupus and other autoimmune conditions ခုခံအားစနစ်ကမောက်ကမဖြစ်ခြင်း၊
• Tuberculosis တီဘီရောဂါ၊
• Infection ပိုးဝင်ခြင်း၊
• Hypoalbuminemia အယ်လ်ဗျူမင် နည်းခြင်း၊
• Trauma ထိခိုက်မိခြင်း။

ဘာတွေခံစားရမလဲ
• တချို့မှာ ဘယ်လိုမှမနေပါ။ တချို့မှာ
• Shortness of breath အသက်ရှူမဝခြင်း၊
• Chest pain ရင်ပတ်နာခြင်း၊
• Fever ဖျားခြင်း၊
• Cough ချောင်းဆိုးခြင်း၊
• Hiccups ကျို့ထိုးခြင်း၊
• Rapid breathing အသက်ရှူမြန်ခြင်း၊
• Difficulty breathing အသက်ရှူခက်ခဲခြင်း၊
• Painful breathing (Pleurisy) အသက်ရှူရင်နာခြင်း။

ရောဂါရှိနေမှန်း ဘယ်လိုသိနိုင်မလဲ
• ဆရာဝန်က လက်နဲ့စမ်းတာနဲ့ သံသယဝင်စရာတွေ တွေ့မယ်။ လည်ပင်းအလယ်တည့်တည့်က အထက်-အောက် တန်းနေတဲ့ လေပြွန်ကြီးက တဖက်ဖက်ကို စောင်းနေတာ မြင်နိုင်တယ်။
• ရင်ပတ်နှစ်ဖက်ကို လက်နဲ့ခေါက်ကြည့်ရင် အရည်ရှိနေရာမှာ ထုံသံကြားမယ်။ လေရှိနေတာက လှိုင်သံထွက်ရတယ်။
• နားကြပ်နဲ့နားထောင်ရင် ဖြစ်တဲ့ဘက်မှာ လေအဝင်အထွက် နည်းနေတာကြားရမယ်။
• Chest Plain X-ray ဓါတ်မှန်ရိုက်တာနဲ့ သိမယ်။
• Computed tomography (CT scan) စီတီစကန် လုပ်နိုင်တယ်။
• Ultrasound အာလ်ထွာဆောင်း လုပ်နိုင်တယ်။

အရည်ရှိတာသိလာရင် စုပ်ထုတ်နိုင်တယ်။ နည်းအောင်ရော အရည်ကိုစစ်ဆေးဘို့ပါ လုပ်ရတာဖြစ်တယ်။ ကုသရတာကတော့ ဖြစ်စေတဲ့အကြောင်းရင်းအလိုက်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...