Virus Shield ကားအမည်ရှိ APP အား Google က Play Store ကနေပယ်ဖျက်



Google က ၎င်း၏ Play Store တွင်တင်ထားသော Virus Shield အမည်ရှိ Security Application တစ်ခုကိုပယ်ဖျက်လိုက်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်း App ကို Google ကပယ်ဖျက်လိုက်ချိန်တွင် Android Users အတော်များများက Download လုပ်ပြီးအသုံးပြုလျက်ရှိနေသည်ဟုသိရသည်။

ယင်းသို့ပယ်ဖျက်လိုက်ခြင်းရဲ့အကြောင်းဟာ Virus Shield ဟာ App အတုတစ်ခုအဖြစ် အထောက် အထားများကိုတွေ့ရှိ ရခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ယင်း App ကိုအမည်မသိ Software Developer တစ်ဦးကတီထွင်ခဲ့ခြင်းဖြစ် ပါသည်။

အဆိုပါ App ၏ဈေးနှုန်းမှာကန်ဒေါ်လာ ၃.၉၉ ဖြစ်ပြီးထို App ကိုလူပေါင်း ၁၀,၀၀၀ အသုံးပြုလျှင်၎င်း App ကိုပြုလုပ်တဲ့ Developer က ဒေါ်လာ ၄၀,၀၀၀ ရရှိမှာပဲဖြစ်သည်။

လက်ရှိမှာ McAfee ၊ Norton ၊ Avast ၊ AVG အစရှိတဲ့ Security Application တွေကို Play Store မှာ Free Download ပြုလုပ်လို့ရနေပါသည်။

ယင်း Virus Shield App ကို Java Code နှင့်ပြုလုပ်ကာ GitHub ပေါ် မှာတင်ထားတာပဲဖြစ်ပါသည်။

Android Police က “ Developer တွေ ဟာပိုက်ဆံလိမ်ဖို့အတွက် App အတုတွေကို မထုတ်လုပ်သင့်ပါ ဘူး “ Virus Shield ကို အတုမှန်းတွေရှိတဲ့အချိန်တွင်ပြောကြား သွားခဲ့သည်။

ဆက်လက်ပြီး Android Police က “ကျွန် တော်တို့ဟာဒီ App ကိုအတုလို့ကြေညာလိုက်ပါတယ်။ ဒါပေမဲ့သူကိုလက်ရှိမှာ လူကြိုက်များနေတဲ့ Software ပါ။အချို့လူတွေ ဆိုပိုက်ဆံနဲ့ဝယ်ယူပြီးတော့တောင် အသုံးပြုနေပါတယ် “ ဟုပြောဆိုခဲ့သည်။

လက်ရှိမှာယင်း App ကိုဝယ်ယူထားတဲ့ အသုံးပြု သူတွေ၏ ပိုက်ဆံ ကိုပြန်အမ်းပေးနိုင်မှာမဟုတ်ပေမဲ့ ယခုမှစတင်ဝယ်ယူအသုံး ပြုထားတဲ့ Users ဆိုရင်တော့ အသုံးပြုပြီး ၁၅ မိနစ် အတွင်းပိုက်ဆံကိုပြန် လည်ပေးအပ်သွား မည်ဟု Google က ဆိုထားသည်။

Ref : Streetregister
WPA (TSJ Team)
TechSpace Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...