YouTube (Android ) မှာ Playlists များ ကြည့်ရှုနိုင်ပြီ



Google က အနုပညာရှင်များ ၏ Playlist များကို YouTube တွင် ပြသပေးသည့် YouTube Mix စွမ်းဆောင် ချက် ကို ၂၀၁၃ ခုနှစ် တွင် မိတ်ဆက်ခဲ့ပါသည်။ YouTube Mix ကို Web App တွင် ထည့်သွင်းပေး ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ စွမ်းဆောင်ချက် ကို Android App တွင် အသုံးပြုနိုင်ပြီဖြစ်သည်။

YouTube Mix သည် အဆိုတော် တစ်ယောက်၏ နာမည်ကို ရှာဖွေလျှင် အဆိုတော်၏ လူကြိုက်အများဆုံး သီချင်းများကို Playlist အနေဖြင့် ပြသပေးခြင်း ဖြစ်ပါသည်။ YouTube က ယေဘုယျ အားဖြင့် Vevo မှ Music Video များကို ပြသပေးခြင်း ဖြစ်ပါသည်။ Search Box တွင် အဆိုတော် နာမည် ဖြင့် ရှာဖွေပြီး လျှင် Playlist များကို Search Result ၏ ထိပ်ဆုံးတွင် တွေ့မြင်ရမည် ဖြစ်သည်။ Android တွင် YouTube Mix ကို အသုံးပြုရန် YouTube App ကို Update ပြုလုပ်ရန် မလိုဟု သိရပါသည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...