Autism (2) အော်တဇင် ကလေးရောဂါ (၂)


Facebook 57 minutes ago 12-5-2014
Autism ဆိုတာ Hyperactive နဲ့ တူသလားဆရာ။

ကျွန်တော်သိသလောက် မတူပါ။ ADHD ထဲမှာ တချို့ကလေးတွေက Hyperactive ဖြစ်ကြတယ်။

• Autism နဲ့ Autism spectrum disorder (ASD) လို့ ယေဘုယျခေါ်ကြတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက် ဖွံ့ဖြိုးမှုရောဂါတခုပါ။ အပြော့-အပြင်းလဲ မတူကြပါ။ ကလေးတွေကြားထဲမှာ တမူထူးနေတာ၊ စကားပြော ဆိုတာ၊ တခုခုကို ဆက်တိုက်လုပ်နေတာ၊ စသဖြင့်ရှိမယ်။
• ASD ထဲမှာ ဥာဏ်ရည်မမှန်တာ၊ ကြွက်သားလှုပ်ရှားမှု (ပူးတွဲလုပ်ဆောင်မှု) ခက်ခဲတာ၊ အာရုံစူးစိုက်မှု တမျိုး ဖြစ်နေတာ၊ ရုပ်ပိုင်းကျန်းမာရေး (အိပ်ရေး၊ အစာခြေ) တွေရှိနေတယ်။ တချို့ကလေးတွေကြတော့ အမြင်ပိုင်၊ ဂဏန်းသင်္ချာ၊ တေးဂီတ စတာတွေမှာ သူများထက်တော်နေနိုင်တယ်။ အသက် ၂-၃ နှစ်မှာ သိသာလာတတ်တယ်။
• ASD ကလေးပေါင်း ကမ္ဘာမှာ ရှိနေတဲ့ကလေး သန်းမနည်းလောက်ပါ။ အမေရိကားမှာတင် ၂ သန်းရှိ တယ်။
• ဘာလို့ဖြစ်ရသလဲ ဆရာဝန်တွေက အတိအကျမပြောနိုင်ကြသေးပါ။

အယူအဆလွဲများ
• ၁။ ADD/ADHD ကလေးတိုင်းက hyperactive သူများထက်တက်ကြွနေတယ်ဆိုတာ မမှန်ပါ။ တချို့က တက်ကြွပါမယ်။
• ၂။ ADD/ADHD ကလေးတိုင်းက သတိမထားကြဘူးဆိုတာ မမှန်ပါ။ တချို့ကလေးတွေက သူတို့ စိတ်ဝင်စားနေတာကို အာရုံစိုက်နေတယ်။ ကျေနပ်နေမယ်။
• ၃။ ADD/ADHD ကလေးတွေက သူတို့လုပ်ခြင်ရင် အမူအယာကို ပိုကောင်းအောင် လုပ်နိုင်မယ်ထင် တာလဲ မမှန်ပါ။ လုပ်နိုင်တာကိုသာ အဲလိုလုပ်နိုင်မယ်။
• ၄။ ADD/ADHDကလေးတွေ ပျောက်ကင်းသွားမယ်လို့လဲ မျှော်မှန်းမထားနိုင်ပါ။ ကလေးတသက်တာ အဲလိုကျော်ဖြတ်ရမှာပါ။
• ၅။ ADD/ADHD ကလေးတွေကို ဆေးတိုက်ပေးတိုင်း သက်သာပါမယ်လဲ မဟုတ်ပါ။ တချို့အတွက် သာ ဆေးလိုပါတယ်။ အကောင်းဆုံးနည်းလမ်းတွေကတော့ Education ပညာသင်တာ၊ Behavior therapy အမူအယာကုသမှုပေးတာ၊ Support at home and school အိမ်မှာနဲ့ ကျောင်းမှာ ကူညီပေးတာ၊ Exercise လေ့ကျင့်ခန်းလုပ်စေတာ နဲ့ Nutrition အစာအာဟာရမျှတ-မှန်ကန်စေတာတွေဖြစ်ပါတယ်။

• ADD / ADHDကလေးတွေမှာ အဓိက (၃) မျိုး ထူးနေပါမယ်။ Inattention အာရုံစူးစိုက်မှုနည်းတာ၊ Hyperactivity တက်ကြွမှုများတာ နဲ့ Impulsivity တွေဖြစ်တယ်။ တချိုက Inattentive ဖြစ်ပေမဲ့ ကျန်တာ ၂ ခုမဖြစ်ဘူး။ ကျန်တာ၂ ခုမှာဖြစ်ပြီး အာရုံစူးစိုက်တာ မဖြစ်သူလဲရှိတယ်။ ၃ မျိုးတွဲရှိတာက များတယ်။
• Impulsive ဖြစ်နေတဲ့ကလေးဟာ သူ့ကိုယ်သူထိန်းချုပ်ဘို့ ခက်ခဲနေမယ်။ ‘ဆင်ဆာ’ လုပ်သလို မသင့် တာကို ရှောင်ဘို့ လုပ်တာမှာ အားနည်းနေလို့ဖြစ်တယ်။ သူများတွေစကားပြောနေတာထဲဝင်ရှုပ်မယ်။ သူများကြားထဲ ဝင်လာမယ်။ မဆီမဆိုင် မေးခွန်းတွေ မေးမယ်။ ပုဂ္ဂိုလ်ရေးမေးခွန်းမျိုးတွေမေးမယ်။ သီးခံစိတ်ရှည်ပေးပါ။

ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၄

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...