သင်မသိသေးတဲ့ လက်သည်းဆိုးဆေးရဲ့ အသုံးဝင်ပုံများ (အပိုင်း -၁)
မေသော် on 2014-05-10 11:46
လက်သည်းဆိုးဆေးဆိုရင် လက်သည်းအလှပုံဖော်ဖို့နဲ့ လက်သည်းဆိုးဖို့လောက်ပဲ အသုံးဝင်တယ်လို့ ထင်ကြပါလိမ့်မယ်။ အမှန်တော့ လက်သည်းဆိုးဆေးတွေဟာ ကိုယ့်ရဲ့နေ့စဉ် ဘ၀လိုအပ်ချက်တွေ အတွက်လည်း အများကြီး အသုံးဝင်တယ်ဆိုတာ ပြောပြချင်ပါတယ်။
၁။လက်သည်းဆိုးဆေး အကြည်လေးတွေ ဒါမှမဟုတ် top coat လိုဟာမျိုးတွေကို ခုလို ကိုယ့်ရဲ့ဖန်စီပစ္စည်းလေးတွေ အရောင်မှိန်သွားတဲ့အခါ အရောင်ပြန်တင်ပေးလို့ ရပါတယ်။
၂။ကိုယ့်ရဲ့ stocking တွေ ငြိသွားတာပဲဖြစ်ဖြစ်၊ နည်းနည်းရွဲသွားတာပဲဖြစ်ဖြစ် လက်သည်းဆိုးဆေးနဲ့ မသိမသာ အရောင်ညှိလို့ရပါတယ်။ ဒါ့အပြင် တစ်ခုခုနဲ့ငြိမိလို့ နည်းနည်းရွဲသွားရင်လည်း လက်သည်း ဆိုးဆေးနဲ့ ပြန်ထိန်းပစ်လိုက်နိုင် ပါသေးတယ်။
၃။ဖန်စီအလှကျောက်မျက်တွေကိုလည်း ကိုယ်ကြိုက်တဲ့ လက်သည်းဆိုးဆေးသုံးပြီး အရောင်ပြောင်းလို့ရ ပါသေးတယ်။
၎။အလှကလစ်အသေးလေးတွေကိုလည်း ကိုယ့်စိတ်ကြိုက် လက်သည်းဆိုးဆေးနဲ့ ခုလို ခြယ်သပေးနိုင်ပါ တယ်။
၅။အပ်ချည်ကြိုးထိပ်ကို အပ်ပေါက်ထဲထိုးတဲ့အခါ ပိုမိုမြန်ဆန်လွယ်ကူစေဖို့ အပ်ချည်ကြိုးထိပ်ကို လက်သည်း ဆိုးဆေးအကြည် နည်းနည်းဆိုးပေးလိုက်ပြီး အခြောက်ခံလိုက်ရုံနဲ့ အပ်ပေါက်ကို ခပ်မြန်မြန်လေး ထိုးနိုင် သွားပြီလေ။
Ref:cosmopolitan.com
Trend Myanmar
-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/