သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့
Angel on 2014-05-10 14:14
သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါးမိုးကြောင့် အံ့သြ မင်တက် ခဲ့ရပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက် ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက်တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။
ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင် ပိုင်းမှာ အလားတူဖြစ်ရပ်မျိုး တစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါ တယ်။
ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရ ပါတယ်။
Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/