အမွေကိစ္စဖြင့် စကားများ ရန်ဖြစ်စဉ် ညီမဖြစ်သူမှ အစ်မဖြစ်သူအား တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ခုတ်ခဲ့၍ သေဆုံး


ရန်ကုန်၊ မေ ၁၀

၁၀.၅.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသီးမှ ၎င်း သည် နေအိမ်၌ရှိနေစဉ် လိပ်ပုတ်ကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ နှင်းဆီခြံတွင် ခြံပိုင်ရှင် ညီအစ်မ (၂)ဦး စကားများရန်ဖြစ်ကာ တုတ်၊ ဓါးများဖြင့် ရိုက်၊ခုတ်နေကြကြောင်းကြားသိရသဖြင့် သွားရောက် ကြည့် ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင် ဒေါ်မယ်လေးချော၊(၄၆)နှစ်၊(ဘ) ဦးစောအာချော၊ လှော် ကား၊ ရွှေပြည်သာမြို့နယ် နေသူအား နဖူးယာဘက်၊ မေးစေ့၊ ၀ဲမျက်ခုံးတို့ တွင်ပေါက်ပြဲဒဏ်ရာများ၊ ယာ နားပြတ်ရှဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစုံစမ်း ရာ ဒေါ်မယ်လေးချောနှင့် အတူနေညီမဖြစ်သူ မအေးသန္တာချော(ခ)မနယ်ရှီဘစ်၊ (၄၃)နှစ်၊ (ဘ) ဦးစောအာချော တို့သည် အမွေကိစ္စဖြင့် စကားများရန်ဖြစ်ကြစဉ် မအေးသန္တာချော(ခ)မနယ်ရှီဘစ်မှ သစ် သားတုတ်ဖြင့်ရိုက်ကာ အရိုးအသွား(၁)ပေခွဲခန့်ရှိ ဓါးဖြင့်ခုတ်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပြီး ဒဏ်ရာ ရရှိသူ ဒေါ်မယ်လေးချောအား မှော်ဘီဆေးရုံသို့ဆေးကုသရန်ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ အစ်မဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူ မအေးသန္တာချော(ခ)မနယ်ရှီဘစ်အား အရေး ယူပေးရန် ဦးရွှေသီးမှ တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း (ပ)၂၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၀၂ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...