Macbook ကို လက်ထက်ဖို့ တောင်းဆိုတဲ့ မော်ဒယ်

 

အမေရိကန် ပြည်ထောင်စု၊ ဖလောရီဒါ ပြည်နယ်နေ Chris Sevier လို့ အမည်ရတဲ့ အမျိုးသား အနုပညာ သည် မော်ဒယ်တစ်ဦးဟာ သူရဲ့ Macbook ကို လက်ထက်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ရုပ်ရည် သန့်ပြန့်သူ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။

ယင်းသို့ လက်ထက်ခွင့် ရရှိဖို့အတွက် သူဟာ တရားရုံးကို တောင်းဆို ခွင့်လွှာတင်ခဲ့ပြီး ယင်းအမှုကို တရား ရုံးမှ ပယ်ချ ခဲ့ပါတယ်။ Chris ရဲ့ Macbook မှာ ၁၈ နှစ်အောက် မကြည့်ရ ရုပ်ရှင် ဗီဒီယို (Porn Movie) များ စွာရှိနေပါတယ်။ ယင်းဗီဒီယိုများကို အမြဲလို ကြည့်ရှုရင်း သူဟာ သူ့ရဲ့ Macbook ကို အလွန်ချစ်ခင် တွယ် တာသွားပြီး ယခုလို လက်ထက်ဖို့အတွက် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအတွက် တားမြစ် မှု ပြောဆိုမှုများစွာရှိခဲ့ ပြီး ဂေးများကို လက်ထက်ခွင့်ပေးနေချိန် သက်မဲ့ပစ္စည်းနဲ့ လူမဟုတ် တိရစ္ဆာန်များနဲ့ လက်ထက်ခွင့်ကိုပါ ခွင့်ပြုပေးသင့်ကြောင်းတောင် ပြန်ပြောပါသေးတယ်။ လက်ထက်တယ် ဆိုတာဟာ သက်ရှိမှ၊ သက်မဲ့မှရယ်လို့ ခွဲမထားပဲ မိမိချစ်ခင် တွယ်တာသူ ဘယ်သက်ရှိ၊ သက်မဲ့ကိုမဆို လက်ထက် ခွင့် ပေးသင့်ကြောင်းတောင် ဆိုလိုက်ပါသေးတယ်။

သူ့လိုပဲ iPhone 5S နဲ့ ကွာရှင်းလမ်းခွဲလို့ Android စမတ်ဖုန်းဖုန်း တစ်လုံးနဲ့ ပေါင်းဖို့ ကြိုးစားတဲ့သူ တစ်ယောက်လည်း အမေရိကန်မှာ ရှိပါ သေးတယ်။ Chris ရဲ့ တောင်းဆိုမှုဟာ အင်တာနက်မှာရော၊ အမေရိကန် တစ်လွှားမှာပါ ပြန့်နှံ့တဲ့ သတင်းတစ်ပုဒ် ဖြစ်သွားရပြီး သူ့လိုပဲ အိုင်တီပစ္စည်းများဖြင့်၊ သက်မဲ့ ပစ္စည်း များဖြင့် လက်ထက်ဖို့ ကြိုးစားသူ တိုးပွားလာမှာကို စိုးရိမ်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...